၈၉၄။ ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်ခြင်း(၂)

194 16 0
                                    

၈၉၄။ ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်ခြင်း(၂)

မိဖုရားကြီးက အိပ်ရာတစ်ဖက်တွင် ထိုင်နေလျက် ကူကယ်ရာမဲ့စွာ စိုက်ကြည့်နေမိသည်။ သည်းထန်စွာ ငိုကြွေးနေသော လေ့ဖန်ကို ကြည့်လျက် သူ့ကို နှစ်သိမ့်ဖို့ ကြိုးစားရင်း သူမ စကားပြောလိုက်သည်။

ဖန်လေး, မငိုတော့နဲ့နော်၊ ဘာတွေများ ဖြစ်ခဲ့လို့လဲ၊ သေသေချာချာ ပြောပြနော်၊ နန်းတွင်းသမားတော်ကြီး ပေးထားတဲ့ ဆေးက ရက်နည်းနည်းပဲ ရှိသေးတယ်မို့လား၊ ဘာလို့ သားလေး မျက်နှာက ရုတ်တရက် ပြန်ပြောင်းသွားရတာလဲ။

လေ့ဖန်က အံကြိတ်၍ ပြောသည် သားတော် ဘာဖြစ်သွားသလဲ သေသေချာချာ မသိဘူး၊ သားတော် သိတာက နန်းတွင်းဥယျာဉ်ထဲမှာ တိရစ္ဆာန်တစ်ကောင် ပေါ်လာပြီး သားတော် မတုံ့ပြန်နိုင်ခင်မှာပင် တစ်ခုခု သားတော့်မျက်နှာအပေါ် လွင့်စင်လာတာပဲ၊ ဆေးအစွမ်းကုန်သွားရင် ရှေ့ပြေးလက္ခဏာပေါ်လာတဲ့ အကျိုးသက်ရောက်မှုကို သားတော် တွေ့ကြုံခံစားဖူးသားပဲ။

အဲအချိန်တုန်းက သားတော်မျက်နှာကို တစ်ယောက်ယောက် မြင်သွားသေးလား မိဖုရားကြီး ကြောက်လန့်နေသည်။ တစ်‌ယောက်ယောက်သာ လေ့ဖန်၏ မျက်နှာအစစ်မှန်ကို ထိုအချိန်မှာ မြင်သွားခဲ့လျှင်, သူတို့အတွက် အရာရာက အဆုံးသတ်သွားလိမ့်မည်။

ဂျန်ရှီတစ်ယောက်တည်းပဲလေ့ဖန်က ချက်ချင်း ပြောလိုက်သည်။

ဖိဖုရားကြီးက နှုတ်ခမ်းချင်း ဖိထားပြီး အခြေအနေကို သုံးသပ်ပြီးနောက် ပြောလာသည် ဂျန်ရှီဆိုတာ သားတော်ရဲ့ ခမည်းတော် သားတော်အနားမှာ ထားချင်တဲ့ လူငယ်မို့လား။

လေ့ဖန် ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးများက အငိုမျက်ရည်များဖြင့် ပြည့်နှက်နေသည်။ အခု အမုန်းမီးပါ လောင်ကျွမ်းလို့လာသည်။ သူပဲ, သားတော်က သူ့ကို အကြိမ်ပေါင်းများစွာ ယဉ်ယဉ်ကျေးကျေး ဖိတ်ခေါ်ထားတာ၊ ဒါပေမဲ့ သူက ထပ်တလဲလဲ ငြင်းပယ်ခဲ့တယ်၊ သူက အိမ်ရှေ့စံနဲ့ မိတ်ဖွဲ့ထားတာ ဖြစ်ရမယ်၊ အခု သူက သားတော်ရဲ့ မျက်နှာအစစ်ကို မြင်သွားပြန်ပြီ၊ သူ လေ့ချန်ကို ပြန်ပြောမှာ သေချာတယ်၊ လေ့ချန်သာ ဒီအကြောင်းကို သိသွားရင်, သူ ခမည်းတော်ကို သတင်းပို့မှာ အသေအချာပဲ၊ မယ်တော် မယ်တော်, သားတော်ကို ကယ်ပါအုံး‌နော်။

ပါရမီရှင်သမားတော်(၂)Место, где живут истории. Откройте их для себя