၉၄၀။ ဆယ်ခုမြောက် ရိုက်ချက် (၄)
ထို့နောက် ဂျန်ဝုရှီက မိဖုရားကြီးနှင့် တခြားလူများကို လုံးဝ လျစ်လျူရှူထားလိုက်ပြီး မျက်နှာဖြူရော်နေသော ဘုရင်ကြီးသို့ လှည့်ကြည့်လိုက်သည်။
ဂျန်ဝုရှီ၏ အကြည့် ရောက်လာသဖြင့် ဘုရင်ကြီး တွန့်ခနဲ ဖြစ်သွားသည်။ ပလ္လင်ပေါ်မှ ပြုတ်ကျလုလုပင်။ သူက ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ပြန်ထိန်းထားလိုက်သည်။ ဘုရင်ကြီးက ခန်းမကြီးတစ်ခုလုံးကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် သူက လေ့ရှီကို တွေ့လိုက်လျှင် မျှော်လင့်ချက် အရိပ်အငွေ့ ယှက်သန်းလာလေ၏။
ရှီလေး, ငါ့သားလိမ်မာလေး, ဂျန်ရှီက မင့်ခမည်းတော်ကို သတ်ဖြတ်ပစ်ဖို့ အကောက်ကြံခဲ့တယ်, ခမည်းတော်ကို ကယ်ပါအုံး, မင်း ခမည်းတော်ကို ကယ်တင်မှ ဖြစ်မယ် ဘုရင်ကြီးက အံ့အားသင့်လျက် လှုပ်ရှားခြင်းမရှိ ရပ်ကြည့်နေသော လေ့ရှီကို ကြည့်လျက် အသံကျယ်ကျယ်ဖြင့် တောင်းပန်လေသည်။
ခန်းမကြီးထဲရှိ အဖြစ်အပျက်များကြောင့် လေ့ရှီက တစ်ချိန်လုံး အံ့အားသင့် မှင်တက်နေခဲ့သည်။ သူက ပွင့်နေသော ညီလာခံခန်းမကြီး၏ တံခါးကို လှည့်ကြည့်လိုက်သည်။ ထိုနေရာမှာ ဧရာမ လိပ်ပြာသားရဲကြီးက နေရာယူထားသည်။ ထို့နောက် တဖန်, သူက ကြောက်ရွံ့ထိတ်လန့်နေသဖြင့် ဘုရင်တစ်ပါး၏ အမူအရာ ပျောက်ဆုံးသွားသော ဘုရင်ကြီးကို ပြန်ကြည့်လိုက်သည်။ သူက မသိလိုက်မသိဘာသာဖြင့် ခြေထောက် ရွှေ့လိုက်သည်။ သူ့စိတ်က ဗလာကျင်းနေသဖြင့် ဘုရင်ကြီးထံ ဦးတည်၍ လျှောက်လှမ်းလိုက်သည်။
သို့သော် သူ့ခြေထောက်က ပထမခြေလှမ်း ပြန်မချမိချင်မှာပင် လေ့ချန်၏ လက်က ရုတ်တရက် သူ့ပခုံးကို ဖိကိုင်လာသည်။
အကိုကြီး လေ့ရှီက လေ့ချန်ကို အကြည့်ဖြင့် မေးလိုက်သည်။ သူ့မျက်လုံးများက ရုန်းကန်နေရပုံပင်။
ကနေ့ သူက လေ့ချန်ကြောင့် ပြစ်မှုကျူးလွန်သူများကို သွေးကြွေးဆပ်ပြီး ဖြစ်သည်။ အစောပိုင်း ဂျန်ရှီ ပြောပုံအရ, ဒီအရေးအခင်း ကိစ္စရပ်တစ်ခုလုံးကို ကြိုးကိုင်ခြယ်လှယ်ထားသူ အစစ်အမှန်က ဂျန်ရှီသာ ဖြစ်သည်။ သူက ဘုရင်ကြီးကို အမြင့်ဆုံးမှ လုံးလုံးလျားလျား ဆွဲချလိုက်သူ ဖြစ်သည်။