၇၂၄။ ရှစ်ခုမြောက် ရိုက်ချက် (၅)

458 53 1
                                    

၇၂၄။ ရှစ်ခုမြောက် ရိုက်ချက် (၅)

နင်ရူက စိတ်ထဲမှာ အူမြူးနေသည်။ ဖန်ဇိုက သူ့ဘာသာ အသတ်ခံဖို့ ရောက်လာခြင်း ဖြစ်သည်။ ကိုယ့်ဘာသာ အသတ်ခံရဖို့ ကမ်းလှမ်းလာသဖြင့် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရလိမ့်မည်။

နင်ရူ၏ စကားများကို ကြားပြီးနောက် ဖန်ဇို၏ ခန္ဓာကိုယ်က နေရာမှာပင် ယိမ်းထိုးသွားသည်။

တုန်လှုပ်ခြောက်ချားခြင်းကြောင့် ဖန်ဇို လဲပြိုကျသွားမှာကို နင်ရူက အားရဝမ်းသာစွာ စောင့်ဆိုင်းနေသည်။ သို့သော် ဖန်ဇိုက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်နိုင်သွားပြီး တစ်ပြိုင်နက်တည်းမှာပင် လေးစားဖွယ် အပြည့်ဖြင့် အပြုံးတစ်ခု သူ့မျက်နှာမှာ ပေါ်ထွက်လာသည်။

ဦးလေးနင်, ဘာပြောလိုက်တာလဲ၊ ကျနော့်အကိုကြီးက ကျနော့်အ‌ဖေကို သတ်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

နင်ရူ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူ ဖန်ဇိုကို သိချင်စွာ ကြည့်လိုက်သည်။ တည်တည်ငြိမ်ငြိမ် ရပ်တည်နေနိုင်မည်ဟူ၍ သူ မျှော်လင့်မထားမိပေ။ ဇိုလေး, မင်းအကိုကို မင်း အမြဲတမ်း ချစ်ခင်ကြင်နာတာ ငါ သိပါတယ်၊ ဒါပေမဲ့ လူတစ်ယောက်ရဲ့ နှလုံးသားက ဘယ်အချိန်မဆို ပြောင်းလဲသွားနိုင်တယ်ဆိုတာ မင်း ဘယ်တော့မှ သေချာသိလာမှာ မဟုတ်ဘူး၊ တကယ်တော့ မင်းက ဖန်ဂျင်နဲ့ သွေးသားတော်စပ်တဲ့ ညီအကိုတွေမှ မဟုတ်တာ၊ သူက မင်းအဖေရဲ့ သားအရင်းမှ မဟုတ်တာ၊ မင်းက နာမကျန်းဖြစ်နေတာ ကြာခဲ့ပြီ၊ ဖန်ဂျင်က မင်းကို အသက်ရှင်လိမ့်မယ်လို့ မှတ်ထင်ထားတာ မဟုတ်ဘူး၊ ကျောင်းအုပ်ကြီးရာထူးက အဲအတိုင်းသာဆိုရင် သူ့ဆီ ရောက်လာမှာပဲ၊ ဒါပေမဲ့ မျှော်လင့်မထားတာက, မင်းကျန်းမာရေး အခြေအနေက ပြန်ကောင်းလာတာ ဖြစ်တယ်၊ ဒါက သူ့ရဲ့ ရက်စက်ယုတ်မာတဲ့ အစစ်အမှန် သဘာဝကို ဖော်ပြသွားစေတာပဲ။

နင်ရူက ဝမ်းနည်းကြေကွဲဟန်ဖြင့် သက်ပြင်းချကာ ဆက်ပြောသည် ဟင်း.... သနားစရာကောင်းတာက မင်းအဖေက သူ့ကို အရမ်းချစ်တာပဲ၊ သူ့ကို သူ့သားအရင်းလို ဆက်ဆံပေးခဲ့တယ်၊ ဒါကပဲ မြွေပွေး ခါးပိုက်ပိုက်ထားသလို ဖြစ်သွားရတာပေါ့။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now