၂၂၇။ "လူကြီးလူကောင်းတစ်ယောက်အတွက်သာ ဖြစ်တယ် - ၂"

1.1K 93 0
                                    

၂၂၇။ “လူကြီးလူကောင်းတစ်ယောက်အတွက်သာ ဖြစ်တယ် - ၂”

ဝမ်းရှင်ဟန်က ဂျန်ဝုရှီကို တုန်လှုပ်ချောက်ချားစွာ ကြည့်၍ သူ့လက်ထဲရှိ ပုလင်းကို စူးစိုက်ကြည့်လိုက်သည်။

ဒီကောင်မလေး ဘာပြောလိုက်တာပါလိမ့်...

အမူးသမား ကြာပန်းလေး၏ အပြုအမူကို သူ မြင်သည်။ ထို့ပြင် ဝမ်းရှင်ဟန်က သူနှင့် တိုက်ခိုက်လျှင် မထိမခိုက်ဘူးဆိုတာကို အပြည့်အဝ ယုံကြည်ချက် မရှိပေ။ ဂျန်ဝုရှီ ပြောတာကို သူ တိတိကျကျ နားလည်သည်။ သူမ ပြောတာက သူ ဒီနေရာမှာ သေရလိမ့်မည်ဟူ၍ ဖြစ်သည်။ ထိုစကားက သက်သက် ခြိမ်းခြောက်သည့် စကားမဟုတ်တာကို သူ့နှလုံးသားက နက်နက်ရှိုင်းရှိုင်း သိသည်။

ဒါ့ပြင် သူမ ပြောတာက... သူမ၏ သက်စောင့်ဆေးက အသက်ကို ကယ်နိုင်လိမ့်မည်ဟူ၍.... ဒါက တကယ် အစစ်အမှန်လော။

ဝမ်းရှင်ဟန်က လှုပ်ရှားမလို့ ဟန်ပြင်စဉ် ဂျန်ဝုရှီ၏ သက်စောင့်ဆေးပုလင်းကို ရရှိလာလျှင် နောက်ပြန်ဆုတ်၍ မည်သို့မျှ မလုပ်ဆောင်တော့တာကို သူတို့ တွေ့မြင်ကြသည်။ ကျူးကျော်သူများက အမူးသမား ကြာပန်းလေးနှင့် အနက်ရောင်သားရဲကြီး၏ အကြမ်းပတမ်း တိုက်ခိုက်ခံနေရသဖြင့် ကူကယ်ရာမဲ့နေပြီး ခုခံကာကွယ်နေကြရသည်။

“ဝမ်းရှင်ဟန်... အဲစုန်းမရဲ့ မန္တာန်အောက် ကျဆင်းမသွားစေနဲ့... ချင်းယန်ကလန်အဓိပတိတောင် ခင်ဗျားမြေးလေးကို ကုသပေးနိုင်မယ်ဆိုတာကို အပြည့်အဝ ယုံကြည်ချက်မရှိဘူး၊ သူမလို ကောင်မလေးက ဘယ်လိုလုပ် စွမ်းနိုင်မှာလဲ၊ သူမက ငါတို့ကို သတ်ပစ်ဖို့ အချိန်ဆွဲနေတာ, ပြီးရင်တော့ သူ့ဖက်က အားသာသွားပြီပေါ့၊ သူမ လှည့်စားတာ မခံနဲ့။”

ဝမ်းရှင်ဟန်က ဂျန်ဝုရှီကို သိလိုစိတ်ဖြင့် ကြည့်ရင်း ရပ်နေသည်။ သူက သူမအသက်အရွယ်ကို ထည့်သွင်းစဉ်းစားနေသည် မဟုတ်ပေ။ တကယ်တော့ သူမ၏ တည်ငြိမ်ပြီး လုံးဝ ယုံကြည်ချက်အပြည့် ဖြစ်နေတာကို မြင်ရ၍ စဉ်းစားနေခြင်း ဖြစ်ပြီး သူ့စိတ်က ချက်ခနဲ ပွင့်သွားသည်။ သူမထံမှ စိုးရိမ်ပူပန်မှု မရှိဘဲ သေချာရေရာတာကို သူ ခံစားလိုက်ရသည်။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt