၈၈၇။ နန်းတွင်းညစာစားပွဲ(၆)

196 20 0
                                    

၈၈၇။ နန်းတွင်းညစာစားပွဲ(၆)

တတိယနည်းလမ်းက ပထမနည်းလမ်းထက် ပိုကြာရှည်ခံပြီး ချွတ်ယွင်းချက်ကို ရှာတွေ့ဖို့ မလွယ်ကူပေ။ ဒုတိယနည်းလမ်းထက် စာရင် နာကျင်မှုလည်း နည်းပါးသည်။

ဂျန်ဝုရှီက လျှို့ဝှက်သိုသိပ်စွာ လေ့ဖန်၏ မျက်နှာကို လေ့လာစူးစမ်းနေသည်။ အပြင်ပအရာဝတ္ထုဖြင့် လိမ်းကျံထားတာကိုလည်း သူမ ရှာမတွေ့မိပေ။ ခွဲစိတ်ရာကိုလည်း သူမ ရှာမတွေ့မိ။ လေ့ဖန်က သူ့ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲဖို့ တတိယနည်းလမ်းကို အသုံးပြုထားကြောင်း သူမ လျင်မြန်စွာ ကောက်ချက်ချလိုက်သည်။

အရိုးပြောင်းနည်းလမ်းက အလယ်ဘုံရှိ အရိုးပြောင်းမျိုးနွယ်စု၏ သီးသန့် စွမ်းရည် ဖြစ်သည်။ လေ့ဖန်၏ ရုပ်ဖျက်ထားခြင်းက ဆေးဝါးများကို အသုံးချပြီး ရုပ်ဖျက်ထားခြင်းသာ အများဆုံး ဖြစ်နိုင်သည်။

ဂျန်ဝုရှီ နားလည်သည့် အရိပ်ယောင် မျက်လုံးထဲ ဖြတ်ပြေးသွားသည်။ လေ့ဖန်၏ ဆက်လက်၍ စကားပြောနေခြင်းက သူမနားထဲသို့ ပြန်ရောက်လာသည်။ သူက ဂျန်ဝုရှီ စိတ်ဝင်စားလာအောင် ကြိုးစားနေသည်။

ဂျန်ရှီနှင့် ကြိုးစားပမ်းစား စကားပြောနေရသဖြင့် ဂျန်ဝုရှီ၏ ဘေးနားတွင် အနက်ရောင်မြူထုက အနက်ရောင်ကြောင်လေးအသွင်သို့ စုစည်းပြောင်းလဲသွားတာကို လေ့ဖန် သတိမပြုမိလိုက်ပေ။ ဂျန်ဝုရှီက သူမ၏ အင်္ကျီလက်အိတ်မှ ဆေးပုလင်းကို အသာအယာ လျောချပေးလိုက်သည်။ ကြောင်နက်လေးက ချက်ချင်းပင် ဆေးပုလင်းကို မြေပြင်သို့ မရောက်ခင် အမြီးဖြင့် ဖမ်းယူလိုက်သည်။

ဘာလို့ စတုတ္ထမင်းသားလေးက ငါ့ကို ဒီလောက် အာရုံစိုက်နေရတာလဲ ဂျန်ဝုရှီက ရှားရှားပါးပါး လေ့ဖန်အား ချက်ချင်း တုံ့ပြန်၍ စကားပြောလာသည် ဒါပေါ့, မင်း ဘေးနားမှာ ရှိနေရင် ငါ သက်သောင့်သက်သာ ခံစားရတယ်၊ လိပ်ပြာတိုက်ပွဲကို ဒီလောက် နှစ်အများကြီး ကျင်းပလာခဲ့တာတောင် အသက်အရွယ်ချင်း နီးစပ်တဲ့ လူဆိုလို့ မင်းတစ်ယောက်တည်း ရှိတယ်၊ ပြီးတော့ မင်းက အရမ်း အရည်အချင်း ရှိတယ်၊ ဒါ့ကြောင့်ပဲ မင်းကို အားကျနှစ်သက်မိတာ။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora