၈၆၈။ သမားတု သမားယောင် (၁)

242 23 0
                                    

၈၆၈။ သမားတု သမားယောင် (၁)

ဂျန်းယင်းလောင်က အဖြစ်အပျက်ကို ဖုံးကွယ်ထားလိုသည်။ သို့သော် ရှုံးဘ၏ ဒေါသမျက်လုံးတစ်စုံနှင့် ရင်ဆိုင်လိုက်ရသဖြင့် ၎င်းကိစ္စကို ဖုံးကွယ်ထားလို့ မရတော့ဘဲ ရဲဆေးတင်ကာ ပြောလိုက်သည် အိမ်ရှေ့စံ အရှင့်သားက အရင်က ပြောခဲ့ပါတယ်၊ သူ့ဘေးမှာ ရှိတဲ့ မိန်းကလေးငယ်လေးက ဆေးပညာမှာ တတ်မြောက်ကျွမ်းကျင်လို့ ချူလင်းယွဲ့ရဲ့ အသက်ကို ကယ်တင်မဲ့ နည်းလမ်းကို သိပါတယ်တဲ့၊ ဒါပေမဲ့ မမလေးဂျန်က အသက် အရမ်းငယ်သေးလို့ ဆေးပညာကို ဘယ်လောက် တတ်ကျွမ်းမှာလဲလို့ ကျနော် တွေးမိခဲ့ပါတယ်။

ဒါပေမဲ့ အိမ်ရှေ့စံက မလျှော့တမ်း တောင်းဆိုတာကို ကျနော်တို့ မငြင်းဆိုသာတာရယ် တခြားသမားတော်တွေ မမလေးယွဲ့ကို ကုသနေတာ မနှောင့်နှေးစေချင်တာရယ်ကြောင့် မမလေးဂျန်ကို တစ်ကြိမ်လောက် ကြိုးစားကြည့်ဖို့ ခွင့်ပေးခဲ့ရပါတယ်၊ မမလေးဂျန်က လင်းယွဲ့ကို မကုသပေးနိုင်ဘူးဆိုရင် ကျနော်တို့ကို နောက်ထပ် မနှောင့်ယှက်ဖို့လည်း အိမ်ရှေ့စံနဲ့ သဘောတူညီထားခဲ့ပါတယ်....

ဂျန်းယင်းလောင်၏ လေသံက ပြောနေရင်း တိုးတိတ်သွားသည်။ အပြစ်မှန်သမျှကို လေ့ချန်အပေါ်သို့ မရောက်ရောက်အောင် ပို့ဆောင်လိုက်သည်။ ရှုံးဘက ဒေါသထွက်ပြီး သူ့ကို လက်ဝါးတစ်ချက်တည်းဖြင့် အသေသတ်ပစ်မှာကို ကြောက်ရွံ့ထိတ်လန့်သောကြောင့် ဖြစ်သည်။

ဂျန်းယင်းလောင်... ခင်ဗျား တော်တော် သတ္တိကောင်းတယ်ပေါ့... နုံအပြီး အသိဉာဏ်မပြည့်ဝသေးတဲ့ ကောင်မလေးကို ငါတို့သခင်မလေးကို ကုသခွင့် တကယ် ပေးလိုက်တယ်လား၊ စစ်တံခွန်ကျောင်းတော်က ထောင်ချီသားရဲမြို့တော်ကို လေးစားသမှုရော ရှိသေးရဲ့လား၊ ငါတို့ သခင်မလေးအခြေအနေ တိုးတက်မလာတာ မထူးဆန်းတော့ဘူး၊ ခင်ဗျားတို့အားလုံးက ဒီလို မလေးမနက် ကုသပေးနေခဲ့တာကိုး...

ခင်ဗျားတို့အားလုံး သမားတု သမားယောင်တွေပဲ၊ ဒီမိန်းမငယ်လေးကို ကုသခွင့် ပေးရတယ်လို့၊ ခင်ဗျားတို့အားလုံး အူကြောင်ကြားတွေ၊ ငါတို့သခင်မလေးရဲ့ ဒဏ်ရာတွေကို ခင်ဗျားတို့ ဘယ်လိုလုပ် တိုးတက်အောင် ကုသပေးနိုင်တော့မှာလဲ ရှုံးဘက ဒေါသတကြီး ဖြစ်လာသည်။ ဂျန်ဝုရှီကို မည်သို့ပင် ကြည့်ကြည့် သူမက လွန်ရှိမှ အသက် ဆယ့်ငါးလောက်သာ ရှိလိမ့်မည်။ ထိုအသက်အရွယ်မှာ သူမ ဆေးပညာကို တတ်ကျွမ်းသည် ဆိုလျှင်တောင်, အပေါ်ယံလောက်သာ ရှိလိမ့်မည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now