၃၃၅။ “ခြောက်ခုမြောက် ရိုက်ချက် - ၇”
ချင်ယွဲ့က ကုလားထိုင်ပေါ်သို့ ပစ်ထိုင်ကျသွားသည်။ သူ့ ဦးခေါင်းက မူးနောက်နောက် ဖြစ်သွားသည်။
ကုန်းမြေတစ်ခုလုံးတွင် ဂုဏ်သတင်းကြီးမာသော အင်အားကြီး ချင်းယန်ကလန်က ချီတိုင်းပြည်လေးသို့ ခရီးတစ်ခေါက်သွားခြင်းက သေခြင်းနိမိတ်ဖြစ်သွားရလေပြီ။
အိပ်ပျော်နေသည့် သာမညောင်ည တိုင်းပြည်လေးမှာ တကယ်ပင် ချင်းယန်ကလန်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် မိစ္ဆာက ပုန်းအောင်း နေခဲ့တာလား။
သူသာ သိခဲ့လျှင်, ဝိညာဉ်ကျောက်စိမ်းကို လက်လွှတ်လိုက်မည် ဖြစ်သည်။ ဂျန်ရှီနှင့် တွေ့ဆုံဖို့ သူ ဘယ်တော့မှ လိုလားမည် မဟုတ်ပေ။
သို့သော် နောင်တက နောက်ကျသွားရလေပြီ။ ပြန်လှည့်ဖို့ လမ်းစ မရှိတော့ချေ။
“ဟွာယောင်း နင် တစ်နာရီ မပြည့်တပြည့် အချိန်ရတယ်။” ဂျန်ဝုရှီက သူမဘေးမှာ ရပ်နေသည့် ချောမောသည့် လူငယ်ကို လှည့်ကြည့်သည်။ ချင်ယွဲ့နှင့် ချင်းယန်ကလန်၏ ပျက်စီးခြင်းကို ပြောင်းလဲလို့ မရတော့ပေ။ သို့သော် သူမ၏ ဟွာယောင်းတို့နှစ်ယောက်နှင့် အပေးအယူကိစ္စကို သူမ မမေ့ပေ။
ဟွာယောင်းက ခေါင်းညိတ်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ခေါင်းနှစ်လုံး အရိုးမြွေက လျင်မြန်စွာ ချင်ယွဲ့ထံ လျောတိုက်သွားသည်။ အဓိပတိနှင့် နီးကပ်နေကြသည့် အကြီးအကဲများက ကြောက်လန့်သဖြင့် အော်ဟစ်ကာ တခြားနေရာများသို့ ဦးတည် ပြေးသွားကြသည်။ ချင်ယွဲ့၏ မျက်နှာက စက္ကူပါးတစ်ချပ်လို ဖြူရော်နေသည်။ သူက ခေါင်းနှစ်လုံးပါ အရိုးမြွေကြီးကို တွေ့မြင်လိုက်လျှင်, ကြောက်လွန်းသဖြင့် ပြေးဖို့ရာပင် မစွမ်းသာတော့ချေ။
ချင်ယွဲ့က သူ့စွမ်းရည်ဖြင့် အားကုန်သုံး၍ ပြန်လည် တိုက်ခိုက်လျှင်, ဂျန်ဝုရှီနှင့် သူ့မိတ်ဖွဲ့အား ကရိများစေမှာ ဖြစ်သည်။
