၈၂၇။ တောင်းပန်ပါတယ်, ဒါ ကျုပ် အလှည့်ပါ (၂)
တိုက်ပွဲစင်မြင့်အလယ်တွင် ရပ်နေသော အစီအစဉ်ကြေညာသူက သူနှင့် အတူ ရပ်နေသော ဂျန်ဝုရှီကို တစ်ချက် ကြည့်လိုက်သည်။ ဂျန်ဝုရှီ၏ အရင်ပြိုင်ဘက်များ လက်လွှတ်အရှုံးပေးသွားကြတာကို သူက ပြန်လည် တွေးတောရင်း လှောင်ပြုံး ပြုံးလိုက်သည်။ အကြောင်းရင်းကို သူ့နှလုံးသားထဲမှ သိထားသည်။ သူ့အတွေးကို သူ အပြင်ထုတ် မပြောသော်လည်း ဂျန်ရှီကို အထင်သေးခြင်းက သူ့မျက်နှာမှာ အထင်သား ဖြစ်နေသည်။
တိုက်ပွဲကွင်းပြင်ရှိ မျက်လုံးအားလုံးက ဂျန်ရှီအပေါ်သို့ ကပ်ရောက်နေကြသည်။ တိုက်ပွဲစင်မြင့်တွင် ဂျန်ရှီ ရပ်နေသည့် အချိန်တိုင်းမှာ သူနှင့် ဆန့်ကျင်ရင်ဆိုင်သူ တစ်ယောက်မျှပင် မရှိခဲ့ချေ။
ကနေ့လည်း အရင်ပြိုင်ပွဲများလိုပင် တစ်ထပ်တည်း ဖြစ်လာလိမ့်မည်။ သူတို့က သတ်မှတ်ချိန် တစ်နာရီ ပြည့်သည်အထိ ရပ်စောင့်နေကြရအုံးမည်။ သူတို့က အချိန်ကို အမြန်ရွှေ့ပစ်ချင်ကြသည်။ သို့မှသာ သူတို့ နောက်ပြိုင်ပွဲများကို ဆက်လက် ကျင်းပနိုင်ကြမည် ဖြစ်သည်။
စက္ကန့်မှ မိနစ်သို့ တစ်ရွေ့ရွေ့ အချိန် ပြောင်းသွားသည်။ တိုက်ပွဲကွင်းပြင်က စိတ်မရှည်ဖြစ်လာခြင်းကြောင့် ပိုပိုပြီး ဆူညံလာသည်။ ဂျန်ရှီ တစ်ယောက်တည်း တိုက်ပွဲစင်မြင့်တွင် ရပ်နေတာကို သူတို့ အကြာကြီး မကြည့်လိုကြချေ။ နောက်ထပ် ပြိုင်ပွဲဝင်များက သူတို့၏ လာမည့် တိုက်ပွဲများအတွက် ပြင်ဆင်နေကြသည်။
အစီအစဉ် ကြေညာသူက အချိန်ကို ကြည့်လိုက်သည်။ ကျိန်စာသင့်သော အချိန်က တော်တော်ကျန်သေးသည်။ သူက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ပြောလာသည် သခင်လေး ဂျန်, ဇောင်းရွှမ်လည်း ကနေ့ လာမယ်မထင်ဘူး၊ ငါတို့ နောက်တစ်ပွဲ သွားသင့်တယ်လို့ ထင်တယ်။
သူဆိုလိုတာက ဂျန်ရှီ သရုပ်ဆောင်နေတာကို ရပ်တန့်ပြီး လူတိုင်း၏ အချိန်ကို မဖြုန်းသင့်ဟု ဖြစ်သည်။
အချိန် မစေ့သေးပါဘူး ဂျန်ဝုရှီက ပျင်းရိငြီးငွေ့ဟန်ဖြင့် ပြန်ပြောသည်။
