၈၇၈။ ကြောက်စိတ်မွှန်ခြင်း (၁)
ဂျန်ဝုရှီက ခေါင်းယမ်းပြလိုက်သည်။ သူမက များများစားစား မပြောပေ။ သို့သော် သူမအား ထာဝရအမိုးခုံးတည်းခိုအိမ်သို့ လေ့ချန်အား လိုက်ပို့ခိုင်းလိုက်ပြီး ထို့နောက် လူချင်း ခွဲလိုက်ကြသည်။
ဒီတစ်ကြိမ်တွေ့ပြီးနောက် နောက်တစ်ခါ ဂျန်ဝုရှီ၏ အစစ်အမှန် မျက်နှာသွင်ပြင်ကို သူ တွေ့မြင်ရချိန်မှာ ရန်တိုင်းပြည်က လုံးဝ ပြောင်းလဲသွားလိမ့်မည်ဆိုတာ လေ့ချန် ဘယ်တော့မှ မတွေးမိသည့် အရာ ဖြစ်လိမ့်မည်။
================
မျှော်လင့်ထားသလိုပင် ချူလင်းယွဲ့က ထိုညမှာပင် နိုးထလာသည်။ သတိပြန်လည်လာပြီးနောက် သူမ သတိလစ်မေ့မြောနေစဉ် ဖြစ်ပျက်သွားသော အရာရာတိုင်းကို သိလိုက်ရလျှင်, သူမ အကြီးအကျယ် တုန်လှုပ်သွားသည်။ လိပ်ပြာတိုက်ပွဲတွင် သူမ သတိရှိနေတုန်းမှာ ဂျန်ရှီထံမှ မည်သည့် တိုက်ချက်မျှ သူမထံ မရောက်ရှိလာခဲ့ချေ။ သူမ မှတ်မိလိုက်တာက သူမ မေ့မျောမသွားခင်လေးမှာ သူမလည်တိုင် နောက်ကျောက နာကျင်မှုကို စပ်ဖျင်းဖျင်း ခံစားလိုက်ရပြီး ထို့နောက် သူမ သတိလစ်မေ့မြောသွားခြင်းပင်။
ဂျန်ရှီက အခုထိ ထောင်သွင်းအကျဉ်းချခံထားရတုန်းဟု သူမ သိလိုက်ချိန်မှာ, ချူလင်းယွဲ့က ပြန်ကောင်းခါစဖြစ်သော သူမခန္ဓာကိုယ်အတွက်ပင် မစိုးရိမ်တော့ဘဲ, ထိုညမှာပင် ဂျန်ရှီကို ထောင်မှ ထုတ်ပေးဖို့ အတင်းအကျပ် အကျဉ်းထောင်သို့ သွားလေ၏။ သူမက ၎င်းကိစ္စနှင့် ပတ်သက်ပြီး ဂျန်ရှီကို ထပ်တလဲလဲ တောင်းပန်သည်။ သို့သော် ဂျန်ရှီက ဝတ်ကျေတန်းကျေမျှသာ ပြန်ဖြေကြားပြီး ချက်ချင်းပင် ထာဝရအမိုးခုံး တည်းခိုအိမ်သို့ ပြန်သွားလေ၏။
ထို့နောက် ထိုကိစ္စနှင့် ပတ်သက်သော သတင်းက ဘုရင့်နေပြည်တော်တွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ဘုရင့်စာကြည့်ခန်းတွင် ဘုရင်ကြီးက သူ့စားပွဲနောက်တွင် အထိမ်းအမှတ်စာလွှာများနှင့် အသနားခံစားများကို လေ့လာဖတ်ရှူနေသည်။ ထိုစဉ် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့လျက် သုတ်သုတ်ပျာပျာ ပြေးလာသော လေ့ဖန်ကို သူ တွေ့လိုက်သည်။ သူက ချက်ချင်းပင် စုတ်တံကို ချထား၍ ကြင်နာသော အပြုံးကို ပြုံးပြပြီး မေးလိုက်သည် ငါ့သား, အရမ်းညနက်နေပြီ၊ ဘာကိစ္စနဲ့များ ဒီကို လာရတာတုန်း။