၄၉၆။ ဆက်တိုက်ရိုက်ချက်၊ တတိယပုံစံ-၇
နင်ရှင်း... နင်တို့ ဘာတွေ ဖြစ်နေကြတာလဲ လူဝေဂျိုင်က သူတို့ဆီ သွား၍ မေးသည်။ သူ့မျက်နှာက စိုးရိမ်ပူပန်ပုံပေါက်နေ၏။ သို့သော် နင်ရှင်းက သူ့ကို ချက်ချင်းပင် တွန်းထုတ်လိုက်သည်။
ငါ ပြန်သွားချင်လို့ နင်ရှင်းက ဆုံးဖြတ်ချက်ပြတ်သားစွာ ကြေညာ၍ လူဝေဂျိုင်၏ စိုးရမ်ပူပန်ခြင်းကို လုံးလုံး လျစ်လျူရှူကာ သူမနောက်မှ ယင်ယန်ကို ဆွဲခေါ်၍ ခြေကုန်သုတ် ထွက်သွားသည်။
လူဝေဂျိုင်နှင့် ကျန်ကျောင်းသားများက လုံးလုံး ခေါင်းရှုပ်၍ တကယ် ဘာဖြစ်ခဲ့မှန်း နားမလည်နိုင် ဖြစ်သွားကြသည်။
လူငယ်အချို့က ပြောသည် အမကြီးနင် ဘာဖြစ်သွားလို့လဲ၊ လိပ်ပြာသားရဲ အမဲလိုက်ပွဲက မပြီးသေးဘူးလေ၊ ဘာလို့ သူမက ဒီလောက် အမြန် ပြန်ချင်နေရတာလဲ၊ သူပဲ ပြောထားတယ်မဟုတ်လား... အဲလူတွေ အသတ်ခံပြီးတဲ့ အထိ စောင့်ပြီး သူတို့ ခန္ဓာကိုယ်တွေကနေ ရှာဖွေယူကြမယ်လို့။
လူဝေဂျိုင်၏ နှုတ်ခမ်းတစ်ဖက်က တွန့်ကွေးသွားသည်။ နင်ရှင်းက သူ့ခံစားချက်ကို အရေးမစိုက်ဘဲ သူ့အား တွန်းထုတ်လိုက်သဖြင့် သူ့အား စော်ကားသလို ခံစားလိုက်ရသည်။
သူမ ပြန်ချင်ရင်လည်း ထားလိုက်တော့, ငါတို့ ဒီမှာ ဆက်စောင့်လိုက်တာပေါ့ လူဝေဂျိုင်က အသာအယာ ပြောသည်။ သူက တကယ်တော့ မကျေမချမ်း ဖြစ်နေသည်။
တခြားတစ်ဖက်တွင် ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးက ဂျန်ဝုရှီတို့အဖွဲ့၏ တိုက်ခိုက်မှုကို ခံနေရဆဲ ဖြစ်သည်။
လိပ်ပြာသားရဲကြီးက အင်မတန် ထူသော အရေပြား ရှိသည်။ ၎င်း၏ အမွှေးကလည်း ထူထဲသည်။ တိုက်ခိုက်မှုမှန်သမျှကို ကာကွယ်ထားနိုင်သည်။ သို့သော် ဘက်ပေါင်းစုံမှ စုပြုံတိုက်ခိုက်မှုကို သူ မကာကွယ်နိုင်ပေ။ သူက တဖြည်းဖြည်း နာကျင်လာဖြင့် အမျက်သည်းခြင်းက တဖြည်းဖြည်း လွင့်ပါးလာပြီး မအီမသာ ဖြစ်လာသည်။ နောက်ဆုံးတွင် သူ့အတွက် ရင်ဆိုင်ဖြေရှင်းရတာက အခက်အခဲဖြစ်မှန်း သိ၍ လိပ်ပြာသားရဲကြီးက လှည့်ထွက်ပြေး တော့သည်။ လောင်ချီတို့အုပ်စု နေရာအရပ်နှင့် ဆန့်ကျင်ဘက် သစ်ပင်အုပ်များ ရှိရာသို့ ပြေးထွက်သွားလေ၏။
