၂၇၅။ "အယောင်ဆောင်ခြင်း - ၁"

1K 87 1
                                    

၂၇၅။ “အယောင်ဆောင်ခြင်း - ၁”

ဂျန်ဝုရှီအနေဖြင့် မိတ်ဖွဲ့ခြင်းမှာ သူမ ခံယူချက်က သူမအတွက် အသုံးဝင်နိုင်ပြီး ကိစ္စများကို လွယ်ကူသက်သာစေနိုင်ဖို့သာ အဓိကကျသည်။ မိတ်မဖွဲ့ရလို့လည်း သူမက စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိချေ။

သူမက သူမဘာသာ ကိစ္စတိုင်းကို စီမံကိန်း ချပြီးသား ဖြစ်သည်။

သို့သော်...

သူမက နောက်ပြောင်နေတာနှင့် တူနေလို့လား။

ဟွာယောင်းနှင့် ကျောက်ချူက အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး ချင်ချင်းပင် သူတို့ သဘောထားကို သူတို့ မျက်စိမှ နားလည်သွားကြသည်။

ဟွာယောင်းက ဂျန်ဝုရှီကို ကြည့်၍ ပြောလာသည် “ငါတို့က အတူတူ လက်တွဲ လုပ်နိုင်တယ်၊ ငါတို့ အောင်မြင်ပြီးသွားရင်, ငါတို့ မင်းဆီကနေ အကူအညီ တစ်ခု တောင်းစရာ ရှိတယ်။”

“ပြော” ဂျန်ဝုရှီက လုံးဝ အံ့ဩခြင်း မရှိချေ။ ကျောက်ချူက တစ်ချိန်လုံး စိတ်အားထက်သန်နေခဲ့ပြီး အရင်က တစ်ကြိမ်တည်း တွေ့ဖူးရုံလေးဖြင့် သူမအား အသည်းအသန် ကာကွယ်ပေးတာက ကိစ္စတစ်ရပ်ရပ် ရှိနေမှန်း သူမ တွေးထင်မိသည်။

“ကျောက်ချူ ပြောပုံအရဆို မင်းက သက်စောင့်ဆေးကို ထုတ်လုပ်နိုင်တယ်တဲ့၊ မင်းကို အကူအညီ တောင်းချင်တာက ငါတို့ကို သက်စောင့်ဆေး ကူညီပြီး ဖော်စပ်ပေးဖို့ပဲ၊ ငါတို့က ဖော်စပ်နည်း ပေးမယ်, ဆေးဖက်ဝင်အမယ်တွေ ရှာပေးမယ်၊ မင်းက အပြည့်အဝ အကောင်အထည် ပေးဖို့ပဲ လိုတယ်။” ဟွာယောင်းက ခဏရပ်၍ ဆက်ပြောသည် “အောင်မြင်ရမယ်လို့ ငါတို့ ကျိန်းသေကြီး မတောင်းဆိုပါဘူး၊ ဒါပေမဲ့ မင်းက အကောင်းဆုံး ကြိုးပမ်းပြီးတော့ ငါတို့ကို မျှော်လင့်ချက်လေး ပေးဖို့ပဲ၊ လုံးဝ အောင်မြင်သွားရင်တော့ ငါတို့ မင်းကို အရမ်း အရမ်း ကျေးဇူးတင်မိမှာပါ၊ ဒါပေမဲ့ မအောင်မြင်ဘူးဆိုရင်လည်း, ငါတို့ ဒီကိစ္စကို နောက်ထပ် ဖိအား မပေးပါဘူး။”

ပါရမီရှင်သမားတော်(၂)Where stories live. Discover now