၅၀၈။ ဆက်တိုက်ရိုက်ချက်၊ စတုတ္ထပုံစံ-၈
လူဝေဂျိုင်၏ အမူအရာအရ အဖြေပေးပြီးသား ဖြစ်သွားသည်။ နောက်ထပ် စကားအပို ပြောစရာ မလိုအပ်တော့ပေ။
လေညင်းကျောင်းတော်က ကျောင်းတော်ကြီးသုံးခုထဲမှာ ဂုဏ်သတင်းကြီးတဲ့ ကျောင်းတော်ပဲ၊ ဒါပေမဲ့ ဒီလိုမျိုး လက်သီးပုန်းထိုး အကောက်ကြံတတ်တဲ့ လုပ်ရပ်မျိုး လုပ်တတ်ပုံပေါ်တယ်၊ သူတို့ တပည့်တွေက လုယက်ဖို့ လုပ်ကြံ သတ်ဖြတ်ကြတယ်၊ ဆရာတွေက အားနည်းပြီး ဒဏ်ရာရနေတဲ့ လူတွေကို အနိုင်ကျင့်တတ်ကြတယ်၊ ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်သလဲ, ခင်ဗျားတို့တွေ မရှက်ကြဘူးလား ရောင်းဟန်က ပယ်ပယ်နယ်နယ် တွယ်လေ၏။ လေညင်းကျောင်းတော်ကို သူ လုံးလုံး အထင်သေးသွားသည်။
သူသည်လည်း တစ်ချိန်က အင်အားကြီးပြီး လူတိုင်း မြတ်နိုးအားကျသည့် ချင်းယန်ကလန်နှင့် သက်ဆိုင်ခဲ့သည်။ ချင်းယန်ကလန် လုံးလုံး ဖျက်ဆီးမခံရခင်မှာ လေညင်းကျောင်းတော်၏ ကျောင်းအုပ်ကြီးကိုယ်တိုင် မုခ်ပေါက်ဝသို့ လာရောက်ကာ တွေ့ဆုံခွင့် တောင်းခဲ့တာကိုပင် သူတို့ ဂရုမစိုက်ခဲ့ကြပေ။
နန်ဂုန်းစီကား ပြောပလောက်ဖွယ်ပင် မရှိချေ။
မဲနယ်ရောင်ကျွမ်းကျင်ပညာရှင်ဆိုလည်း ဘာဖြစ်လဲ။
သူတို့ ဖိတ်ထား၍ ကလန်အတွင်းမှာ ဧည့်သည်အနေဖြင့် နေထိုင်ကြသော မဲနယ်ရောင် ကျွမ်းကျင်ပညာရှင်များကား ပေါများလှသည်။
ချင်းယန်ကလန်က မတည်ရှိတော့သော်လည်း သူ့ဆရာ, တိမ်လှေခါးတောင်ထွတ် အကြီးအကဲဖြစ်သူ ဆရာမုချန် ရှိသေးသည် မဟုတ်လော။ ဆရာမုချန်၏ စကားတစ်ခွန်းဟရုံဖြင့် ကျွမ်းကျင် ပညာရှင်များက ဆရာမုချန်၏ အကူအညီကို ရယူနိုင်ရန် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းလာကြမှာ ဖြစ်သည်။
သူနှင့် သူ့ဆရာတူတပည့် နှစ်ယောက်ကို ထိခိုက်နာကျင်မှု မဖြစအောင် ရူလင်းစစ်သားများက ဒဏ်ရာဗရပွဖြင့် ကာကွယ်ပေးခဲ့သည်။ ရောင်းဟန်က ဒေါသကြောင့် ဆူပွက်နေခဲ့ပြီး ဖြစ်သည်။ အခုတဖန်, ဒီဆရာများက အကြောင်းပြချက်ကို နားမထောင်ဘဲ နိုင်လိုမင်းထက် လုပ်ပြန်သည်။ ထို့ကြောင့် ရောင်းဟန်က ဒေါသ တစီစီ ဖြစ်နေလေပြီ။