၄၆၄။ ချစ်စရာကောင်းတာက အားသာချက်-၂
ကျောက်ချူက ဂျန်ရှီကို ကြည့်ဖို့ပင် အလွန်ရှက်နေသည်။ သူ့လက်စွပ်ဝိညာဉ်က အလွန်ရှက်ဖွယ်ကောင်းသော အရှက်တကွဲ အကျိုးနည်းစရာ ယုတ်ညံ့သော လုပ်ရပ်ကို ကျူးလွန်ခဲ့သည်။ ကံကောင်းသွားတာက ယင်ယန်ဝက်ဝံ စကားမပြောနိုင်ခြင်းပင်။ ယင်ယန်ဝက်ဝံသာ သူ့စိတ်ထဲ ရှိသည့်အတိုင်း ပြောချလိုက်လျှင်, ကျောက်ချူက အရှက်ကွဲသဖြင့် ရေကန်ထဲ ခုန်ချမိမှာ သေချာသည်။
ဂျန်ဝုရှီက သူ့ရှေ့ရှိ အမွှေးပွကောင်ကို ခေါင်းမော့ကြည့်သည်။ သူက ခေါင်းငုံ့၍ သူ့လက်ကို ဆန့်တန်းထားသည်။ သူမ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူမလက်ဖြင့် အမွှေးပွဝက်ဝံ၏ လက်ဖဝါးကို ဘေးသို့ ပုတ်ထုတ်လိုက်သည်။
အူးဟူး ထောင်မတ်နေသော ယင်ယန်ဝက်ဝံက သနားစဖွယ် ညဉ်းညူလိုက်သည်။ သူ့လက်ကို ဘေးသို့ ပုတ်ထုတ်ခံလိုက်ရလို့ ဖြစ်သည်။ သူက လက်ဖဝါးဖြင့် သူ့ရင်ဘတ်ကို ဖိ၍ အတော်လေး ခံစားသွားဟန်ဖြင့် ဂျန်ဝုရှီကို တောင်းပန်ခယစွာ ကြည့်သည်။
ခေါင်းနှစ်လုံးမြွေရဲ့ ဒဏ်ရာက အတော်လေး စိုးရိမ်ရတယ်၊ သူ့ကို အရင် ကုပေးမယ်။ ဂျန်ဝုရှီ၏ မျက်နှာက ခပ်တင်းတင်းပင်။ သူမက ယင်ယန်ဝက်ဝံကို သတိပေးလိုက်သည်။
ယင်ယန်ဝက်ဝံက မြေကြီးပေါ်မှာ လဲနေသော ခေါင်းနှစ်လုံး မြွေကို လှည့်ကြည့်သည်။ ၎င်းမြွေက လှုပ်ရှားခြင်းမရှိ၊ ဝိညာဉ်စွမ်းအားလည်း နည်းပါးလွန်းနေသည်။ ထို့နောက် သူက ဂျန်ဝုရှီကို ပြန်လှည့်ကြည့်သည်။ သူက မလိုလားဟန်ဖြင့် သူ၏ အမွှေးပွကိုယ်ကြီးကို နောက်ဖက်သို့ ရွှေ့ပေးသည်။ သူ၏ အိပဲ့ပဲ့ ခန္ဓာကိုယ်ကြီးနှင့် လက်ဖဝါးနှစ်ဖက်ကို ရွှေ့လိုက်လျှင် နေရာလွတ် ဖြစ်ပေါ်လာသည်။ ခေါင်းနှစ်လုံးမြွေက ဂျန်ဝုရှီရှေ့သို့ လာဖို့ နေရာ လုံလောက်သွား၏။ သူ၏ အမွှေးပွဗိုက်သားကို ဂျန်ဝုရှီ အနားယူလျှင် အဆင်သင့်ဖြစ်အောင် ထားသည်။ သူ့ခြေနှစ်ချောင်းကိုလည်း ဂျန်ဝုရှီ၏ ခန္ဓာကိုယ်သေးသေးလေးကို ကာပေးထားသည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)