၈၇၃။ မျက်နှာဖြတ်ရိုက်ခြင်း-ကိုးခုမြောက် ပုံစံ(၃)
ဖန်ယွီယန်၏ ပြစ်တင်ကြိမ်းမောင်းတာကို ခံလိုက်ရသဖြင့် ရှုံးဘက ခဏလောက် ကြက်သေသေသွားသည်။
ဆရာကြီးဖန်, ဘာ... ဘာပြောလိုက်တာလဲ ရှုံးဘက စိတ်မချမ်းမြေ့စွာ မေးလိုက်သည်။
ဘာပြောလိုက်တာလဲ ဟုတ်လား၊ ငါတို့ မမလေးရဲ့ ကျေးဇူးရှင်ကို မင်းက လူဆိုးလူမိုက် ဆန်ဆန် ဆက်ဆံဝံ့တာကို ပြောနေတာ၊ မင်း ဒီတစ်ကြိမ် တကယ့်ကို လွန်သွားပြီ ဖန်ယွီယန်က အလွန် စိတ်ပျက်သည့် လေသံဖြင့် ပြောလိုက်သည်။
ဘယ်.... ဘယ်သူက.... မမလေးရဲ့ ကျေးဇူးရှင်လဲ ရှုံးဘက မျက်လုံးပြူးကာ ကြည့်လိုက်သည်။ သူ့နားကြားများ မှားနေသလားဟူ၍ သူ သံသယဝင်သွားသည်။
မင်း အဲကျေးဇူးရှင်ကို အခုထိ ချမပေးသေးဘူးလား ဖန်ယွီယန်က ရှုံးဘကို ဒေါသမီးလျှံဖြင့် ကြည့်လိုက်သည်။
ရှုံးဘ၏ စိတ်က ချက်ချင်းပင် ဗလာကျင်းသွားပြီး ဖန်ယွီယန်၏ စကားကို နားထောင်ပြီး လိုက်လုပ်ရုံမျှသာ တတ်နိုင်တော့သည်။ သူ ဂျန်ဝုရှီကို ပြန်ချပေးလိုက်သည်။ ဒီတစ်ကြိမ် သူ အလွန်အမင်း သိမ်သိမ်မွေ့မွေ့ ပြုမှုဆောင်ရွက်လိုက်သည်။ သူ အလွန့်အလွန် သတိထားကာ ဆောင်ရွက်နေမှန်း ကြည့်ရုံဖြင့်ပင် သိသာသည်။
သူမခြေထောက်များ ကြမ်းပြင်နှင့် ထိလိုက်သည်နှင့် ဂျန်ဝုရှီက တည်တည်ငြိမ်ငြိမ်ဖြင့် သူမ၏ တွန့်ကြေသွားသော ဝတ်စုံကို ပြန်လည် သေသပ်အောင် လုပ်လိုက်သည်။
ဖန်ယွီယန်က ချက်ချင်းပင် ဂျန်ဝုရှီဘေးသို့ ရောက်လာသည်။ သူက လက်များကို သူ့ရှေ့မှာ ကန့်လန့်ဖြတ် တင်ထားပြီး ကိုးဆယ်ဒီဂရီအထိ ခါးကိုင်း၍ ဂျန်ဝုရှီကို ဦးညွတ်လိုက်သည်။
ထိုမြင်ကွင်းက အခန်းထဲရှိ လူတိုင်းကို တုန်လှုပ်သွားစေဖို့ လုံလောက်သည်။
ဖန်ယွီယန်က မည်သို့သော အဆင့်အတန်းကို ပိုင်ဆိုင်ထားသနည်း။ သမားတော်များအားလုံး၏ နှလုံးသားထဲမှာ သူက အထွတ်အထိပ်ဖြစ်သော ခရမ်းရောင်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသူလို ဖြစ်သည်။ သို့သော် ဒီနေ့မှာတော့ ဖွေးဖွေးဖြူနေသော သူ့ခေါင်းဖြင့် ဆေးပညာမှာ သာလွန်သူ မရှိသော အရည်အချင်းဗဟုသုတဖြင့်ပင်, ဖန်ယွီယန်က ဆယ့်ငါးနှစ်မျှလောက်သာ ရှိသေးသည့် ကောင်မလေးကို လူတိုင်းရှေ့မှာ တကယ်ပင် ဦးညွတ်နေလေ၏။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)