၅၉၈။ ၇ခုမြောက် ရိုက်ချက်-၅

473 50 0
                                    

၅၉၈။ ၇ခုမြောက် ရိုက်ချက်-၅

လောင်ချီက တင်းမာပြတ်သားစွာ ပြန်ပြောသည် ပြဿနာမှာ ပါဝင်တဲ့ လူတိုင်း, ဒီကိစ္စကို ဖြေရှင်းပေးတဲ့ လူတိုင်း၊ ဒီလူတွေ အားလုံးကို ကျောင်းအုပ်ကြီး ကျေးဇူးပြုပြီး စုစည်းပေးပါ။

ဖန်ချီ နောက်ဆုံး နားလည်သွားသည်။ ကိစ္စရပ်ကို လျင်မြန်စွာ ဖြေရှင်းဖို့ ဖိအားပေးခံရသော်လည်း နောက်ဆုံးတော့ ညှိနှိုင်းဖို့ သူ မဝံ့ရဲပေ။ အသီးသီး ပါဝင်ပတ်သက်ခဲ့သူမှန်သမျှ ခေါ်‌ဆောင်လာခဲ့ဖို့ လူများကို ချက်ချင်း စေလွှတ်လိုက်ရတော့သည်။

အဖြစ်သနစ်ကို ကြည့်ရှုဖို့ စုဝေးလာကြသူများက တဖြည်းဖြည်း များသထက် များလိုက်လာသည်။ လူတိုင်းက စိုးမိုးခြယ်လှယ်လွန်းသော ဂျန်ဝုရှီ, လောင်ချီတို့နှင့် ခပ်ဝေးဝေးမှာ နေကြသည်။ လေညင်းကျောင်းတော်၏ အထွတ်အထိပ်ဖြစ်ပြီး အလွန် လေးစားအားကျရသော ကျောင်းအုပ်ကြီးသည်ပင် ထိုလူနှစ်ယောက်နှင့် ရင်ဆိုင်ရချိန်မှာ ကူကယ်ရာမဲ့နေရသည်။

နန်းဂုန်းစီက ကျောက်တုံးမျက်နှာနှင့် လူဟူ၍ ကျောင်းတော်တွင် နာမည်ကျော်သည်။ အပြုံးမရှိ, မည်သူနှင့်မျှ ရင်းနှီးမှု မရှိ၊ သာမန်ကျောင်းသားများ သူနှင့် စကားပြောဖို့ပင် သတ္တိမရှိကြချေ။

သို့သော် အခု နန်းဂုန်းစီက ပြုံးနေရုံတင် မကဘဲ, လက်လက်ပင် ထနေသည်။ သူ့ကိုယ်သူ နှိမ့်ချလို့ပင် ထားသည်။ ဒီလိုမျိုးကို ကျောင်းသားများ ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ကြပေ။

ဖန်ချီနှင့် နန်းဂုန်းစီတို့၏ နှိမ့်နှိမ့်ချချ အပြုအမူကို တွေ့မြင်ရသဖြင့် ရူလင်းစစ်တပ်၏ စွမ်းအားကို ကျောင်းသားများ အတော်လေး နားလည်လာကြသည်။

မကြာခင်မှာပင် ခေါ်လာသော လူများကို မြင်လျှင် လေညင်းကျောင်းတော်သားများ တုန်လှုပ်ချောက်ချားသွားကြသည်။

အမဲလိုက်ပွဲတွင် လုံခြုံရေး တာဝန်ယူရသော ဆရာများသာမက, နင်ရှင်း, ယင်ယန်နှင့် လက်ထောက်ကျောင်းအုပ်ကြီးပင် ဆင့်ခေါ်ခံလိုက်ရသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now