၈၃၈။ စတုတ္ထမင်းသားလေး (၅)

245 31 0
                                    

၈၃၈။ စတုတ္ထမင်းသားလေး (၅)

စတုတ္ထမင်းသားလေး ပထမတိုက်ပွဲကွင်းပြင်သို့ အလည်အပတ် လာသွားကြောင်း သတင်းက နေပြည်တော်တခွင် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ လူတိုင်း ၎င်းသတင်းကို ကြားရပြီး လေ့ဖန်၏ ဖိတ်မံချက်ကို ရရှိသော်လည်း ဂျန်ရှီက လုံးဝ လျစ်လျူရှူခဲ့ကြောင်း သတင်းလည်း ပျံ့နှံ့သွားသည်။

လေ့ချန်က ထာဝရအမိုးခုံးတည်းခိုအိမ်သို့ ချက်ချင်း ပေါက်ချလာသည်။ ထိုအခိုက်မှာ ဂျန်ဝုရှီတို့က စားသောက်နေကြသည်။ ထိုစဉ် လေ့ချန် ပျာယီးပျာယာဖြင့် စိုးရိမ်တကြီး ရုတ်တရက် ပေါ်‌ပေါက်လာတာကို တွေ့မြင်၍ သူတို့အားလုံး တူများကို ချထားလိုက်ကြသည်။

ဘာဖြစ်နေလို့လဲ၊ အရှင့်သားက ကျနော်တို့နဲ့ အတူတူ စားချင်နေတာလား ကျောက်ချူက အရယ်စွက်လျက် တူကို ကိုင်ထားရင်း မေးလိုက်သည်။

လေ့ချန်က အစောင့်ကို ထွက်သွားခိုင်းလိုက်ပြီး ကပျာကယာဖြင့် ဂျန်ရှီ၏ ဘေးသို့ လာလေ၏။

လေ့ဖန် မင်းကို လာရှာတယ်ဆိုလေ့ချန် မေးလိုက်သည်။ သူ့အသံက စိုးရိမ်ပူပန်ခြင်းနှင့် လေးလံနေသည်။

ဂျန်ဝုရှီက သူမပါးစပ်ထဲရှိ စားစရာကို ဖြည်းဖြည်းချင်း ဝါးမျိုလိုက်သည်။ ထို့နောက် မျက်နှာမှာ ချွေးများသီးနေသော လေ့ချန်ကို လှည့်ကြည့်လိုက်သည်။

နင် ကြောက်နေတာလား သူမက တည်ငြိမ်စွာ မေးလိုက်သည်။

လေ့ချန်က ဂျန်ရှီ၏ ရှေ့တွင် သူ၏ စိုးရိမ်ကြောင့်ကြ ဖြစ်နေခြင်းကို သိသာစွာ ဖော်ထုတ်ပြဖို့ စိတ်ထဲ မထားပေ။ သူက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

ငါ လန့်နေတယ်, ငါ တကယ် လန့်နေတာ၊ လေ့ဖန် မင်းကို လာရှာတာ, ဖခမည်းတော်ရဲ့ အကြံပေးချက်အရ လာတာပဲ ဖြစ်ရမယ်၊ သူက ယာယီတော့ ငါ့ကို ဆန့်ကျင်ဘက် မလုပ်နိုင်သေးပေမဲ့, လေညင်းကျောင်းတော်က မင်းတို့တွေနဲ့ ငါ အတော်လေး ရင်းနှီးနေတာကို သူ မြင်နိုင်တယ်၊ မင်းတို့အားလုံးက တိုက်ပွဲကွင်းပြင်တိုင်းမှာ နာမည်ကျော်ကြားလွန်းနေကြတယ်၊ မင်းတို့က လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်ထားကြတယ်၊ ဒါ့ကြောင့် ငါ့ခမည်းတော်က ဒီလို စွမ်းအားကြီးတဲ့ မင်းတို့နဲ့ ငါ အဆင်ပြေနေတာကို ကြည့်လို့ ရမှာ မဟုတ်ဘူး၊ သူက ငါ့ကို အိမ်ရှေ့စံ ရာထူးကနေ မရ ရတဲ့ နည်းနဲ့ ဖယ်ရှားပစ်ချင်နေတာ၊ ဒါမှ စတုတ္ထမင်းသားကို အိမ်ရှေ့စံနေရာမှာ အစားထိုးလို့ ရမှာလေ၊ သူ လုပ်နိုင်သမျှ လုပ်နေတဲ့ အရာအားလုံးက စတုတ္ထညီတော်အတွက်ချည်းပဲ၊ ဒီတော့ ငါက ဘာလို့ မစိုးရိမ် မပူပန်ဘဲ နေနိုင်တော့မှာလဲ၊ ဘုရင်တစ်ပါး ဆွဲကိုင်ထားတဲ့ စွမ်းအားနဲ့ ဩဇာအာဏာကို ငါ့လို အိမ်ရှေ့စံလေးက ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora