၅၁၄။ ဇွဲကောင်းစွာ လိုက်လာသူ - ၅
နှင်းဘောလုံးလို အဖြူရောင် အမွှေးထူအလုံးလေးက ရှေ့သို့ တဟုန်ထိုး ပြေးထွက်လာသည်။ ၎င်း၏ ခွာတိုတိုးလေးကို အပြည့်အဝ ဆန့်ထုတ်ထားသည်။
ဂျန်ဝုရှီက ဘာမှန်းမသိသော အဖြူရောင်အရာဝတ္ထုအလုံးလေး သူမဆီ တိုက်ရိုက် အရူးအမူး ပြေးလာတာကို တွေ့လိုက်သည်။
.....
ပဲဟ်ဟ်ဟ်
(အိုး, ဟုတ်သေးဘူး, ငါမှန်း ပေါ်သွားလိမ့်မယ်။)
၎င်းအဖြူရောင်ဘောလုံးလေးက ဂျန်ဝုရှီ ရှေ့တွင် ရပ်တန့်ဖို့ လုပ်လိုက်သည်။ သူက ရုတ်တရက် ရပ်တန့်ရန် သူ့ခွာတိုတိုလေးများကို စုလိုက်သည်။ သို့သော် အရှိန်မထိန်းနိုင်ဘဲ ရှေ့သို့ ဆက်ရွေ့သွားပြီး လုံးလုံးဝိုင်းဝိုင်း အမွှေးထူလေးက နူးညံ့သော မြက်ခင်းပင်ပေါ်သို့ လိမ့်ဆင်းသွားလေ၏။ သိုးငယ်လေးက ကြောက်စိတ်မွှန်သွားသည်။ ၎င်းက စိုးရိမ်တကြီး သူ့ရှေ့ခြေနှစ်ချောင်းဖြင့် အလျင်အမြန် သူ့မျက်လုံးများကို အပြည့်အဝ ကာထားလိုက်သည်။
(နင် ငါ့ကို မမြင်ရတော့ဘူး, နင် ငါ့ကို မမြင်ရတော့ဘူး။)
.......... ဂျန်ဝုရှီက သူမရှေ့ရှိ သိုးငယ်လေးကို ကြည့်ပြီး ပြောစရာစကားမဲ့သွားရသည်။
ကျောက်ချူက နောက်ထပ် ခွက်ထိုးခွက်လန် ရယ်လေ၏။
မင်းက ကျွမ်းထိုးပြီး လှိမ့်လာတာလား၊ ကံကောင်းလို့ ငါတို့ ခြေထောက်ရှေ့တဲ့တဲ့ ရပ်သွားတာ။
မင်းမျက်လုံးတွေ ကာထားရုံနဲ့ မင်းကို ဘယ်သူမှ မမြင်ဘူးလို့ ထင်နေတာလား။
မင်းက ဗရုတ်ဗရက် လုပ်တတ်တဲ့ သိုးလေးလား။
သွား ဂျန်ဝုရှီက ခပ်ပြတ်ပြတ် လှည့်ထွက်သွားသည်။ သိုးငယ်လေးကို နောက်ထပ် တစ်ချက်မျှပင် မကြည့်တော့ပေ။
ကျောက်ချူက ခွက်ထိုးခွက်လန် ရယ်လျက် ဂျန်ဝုရှီတို့ နောက်မှ လိုက်ပါသွားသည်။
သိုးငယ်လေးက နောက်ဆုံးတွင် သူ၏ ခွာများအောက်မှ ချောင်းကြည့်သည်။ ခွဲခွာသွားသော ဂျန်ဝုရှီ၏ ကျောပြင်ကို မြင်ရလျှင် သူက ခုန်ဆွခုန်ဆွဖြင့် နောက်မှ လိုက်လာသည်။ ခွာသံက မြေပြင်ပေါ်တွင် တတက်တက် မြည်နေ၏။