၂၄၆။ "အနေခက်သော - ၂"

1.1K 107 0
                                    

၂၄၆။ “အနေခက်သော - ၂”

ဂျန်ဝုရှီက လင်းအိမ်တော်သို့ အမြန်အဆန် ပြန်လာသည်။ လင်းအိမ်တော်တွင် ဂျန်ရှင်းယန်နှင့် ဂျန်ချင်းတို့က စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေကြသည်။ သူတို့က ဂျန်ဝုရှီ လှမ်းဝင်လာတာကို တွေ့ရလျှင် စိတ်သက်သာသွားကြပြီး ဂျန်ချင်းက သူမဆီ သွား၍ နန်းတော်တွင်းမှ အခြေအနေကို မေးလိုနေခဲ့သည်။ ထိုစဉ် ဂျန်ရှင်းယန်က သူ့လက်ကောက်ဝတ်ကို လှမ်းဖမ်းထားလိုက်ပြီး ဂျန်ဝုရှီကို ပြောလိုက်သည် “အတော် နောက်ကျနေပြီ, ရေမိုး သန့်စင်ပြီး အနားယူလိုက်တော့, အရာရာတိုင်းက မနက်ဖြန်ထိ စောင့်နေလို့ ရတယ်။”

ဂျန်ဝုရှီက တုံ့ဆိုင်းသွားပြီးမှ တိတ်ဆိတ်ငြိမ်သက်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူမက သည်လို ရှုပ်ထွေးညစ်ပတ်နေသည့် ပုံစံကို မုန်းသည်။ သူမက ရေနွေးထဲ စိမ်ပြီး သက်သောင့်သက်သာ ရေချိုးချင်နေသည်။ သူ့ကိုယ်ပေါ်မှ သွေးများနှင့် အလွန်မကောင်းသည့် အနံ့များကို စေ့စေ့စပ်စပ် ဖယ်ရှားပစ်ချင်နေသည်။

“အဖေ......” ဂျန်ချင်းက ဂျန်ရှင်းယန်ကို အံ့အားတသင့် ကြည့်လိုက်သည်။

ဂျန်ရှင်းယန်က အနည်းငယ် ခေါင်းယမ်းလိုက်ပြီး ပြောသည် “သူမ ပင်ပန်းနေတာကို မင်း မမြင်ဘူးလား။”

ဂျန်ချင်းက ပြန်စဉ်းစားလိုက်လျှင် ဂျန်ဝုရှီက အဆင်ပြေနေသော်လည်း သူမ မျက်နှာက အတော် ဖြူရော်ရော် ဖြစ်နေတာကို သတိပြုမိလိုက်သည်။

“သနားစရာ ကလေးလေး၊ သူက သူ့ကိုယ်ကို အတော့်ကို အားစိုက်ထုတ် ကြိုးစားနေခဲ့တယ်၊ သူမ လုံလုံခြုံခြုံ ပြန်လာပြီဆိုတော့ နန်းတော်ထဲမှာ အခု အဆင်ပြေသွားပြီဆိုတဲ့ သဘောပဲ၊ သူမကို အရင်ဆုံး အနားယူပါစေအုံး၊ မနက်ဖြန်ကျမှ ငါတို့ မေးကြတာပေါ့။”

ဂျန်ရှင်းယန်က လေးလေးပင်ပင် သက်ပြင်းချ၍ ပြောသည်။ ၁၄နှစ်အရွယ် ကလေးငယ်တစ်ယောက်အနေဖြင့် ကမ္ဘာကြီးကိစ္စကို အရေးမစိုက်ဘဲ ပျော်ပျော်ရွှင်ရွှင် နေသင့်သည်။ သို့သော် ဂျန်ဝုရှီမှာ ထိုသို့ နေထိုင်ဖို့ အခွင့်အရေး မရှိခဲ့ချေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now