၄၈၅။ "အရမ်းကြမ်းသော တပ်ဖွဲ့-၅"

542 40 1
                                    

၄၈၅။ အရမ်းကြမ်းသော တပ်ဖွဲ့-၅

ထိုစက်ဆုပ်ရွံ့ရှာသော အကြည့်များက သူမဆီ ရံဖန်ရံခါ ရောက်ရှိလာကြသည်။ သို့သော်ငြား နင်ရှင်းက သူမ၏ အရေးသာလာမှုဟုသာ တွေးထားသည်။ ထို့ပြင် လျှို့ဝှက်သိုသိပ်စွာ ကိုယ့်ကိုယ်ကို အထင်တကြီး ကျေနပ်လာသည်။

နင်ရှင်းက သူမ၏ ရုပ်ရည်သွင်ပြင်ကို အလွန် ယုံကြည်ချက်ရှိသည်။ ဂရုတစိုက် ပြုပြင်ယူထားသော သူမပုံရိပ်ဖြင့် သေသေချာချာ ဆွဲဆောင်လျှင် သူမ အမြဲတမ်း အောင်မြင်ခဲ့သည်။ ထို့ကြောင့် သန်မာတောင့်တင်း၍ လူကြမ်းကြီးများဖြစ်သော စစ်သားများက သူမ၏ အလှကို လုံးဝ လျစ်လျူရှူထားလိမ့်မည်ဟု သူမ စိတ်ကူးထဲမှာပင် မရှိချေ။

ဒီစစ်သားများလည်း သူမ လျှို့ဝှက်သိုသိပ်စွာ ညှို့ငင်ဖမ်းစားခံရသော အရင်တွေ့ကြုံဖူးသည့် ယောက်ျားများလိုပဲဟု တွေးဆမှတ်ယူထားသည်။

မလိုပါဘူး လောင်ချီက သူမကို လှည့်ပင် မကြည့်ဘဲ ခပ်ပြတ်ပြတ် ငြင်းဆိုသည်။

နင်ရှင်းမျက်နှာရှိ အပြုံးချိုချိုက ခဏလောက် မာတောင့်တောင့် ဖြစ်သွားသည်။ သို့သော် သူမက လျင်မြန်စွာ ပြန်ပြင်ယူသည်။

ရှင် ဒီလောက် တစိမ်းဆန်စရာ မလိုပါဘူး၊ ကံကြမ္မာက ကျမတို့ကို ဒီနေရာမှာ တွေ့ဆုံခိုင်းမှတော့, ဒါတွေ အားလုံးက ကြိုတင်သတ်မှတ်ပြီးသား ဖြစ်နေလို့ပေါ့ရှင်၊ ကျမတို့ လဝိညာဉ်ရေကန် ရောက်ဖို့ အတော်လိုသေးတယ်၊ ဒီတော့ လဝိညာဉ်ရေကန်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျမ ရှင့်ကို နည်းနည်းလောက် ပြောပြမယ်လေ။ နင်ရှင်းက ပြောသည်။ သူမ ပြုံးနေဆဲပင်။ လောင်ချီ၏ ငြင်းဆိုခြင်းကြောင့် နည်းနည်းလေးမှ တွန့်ဆုတ်ဟန်ကို ပြသမထားပေ။

လောင်ချီ မျက်မှောင် အတော်ကြုတ်သွားသည်။ သူ နောက်တစ်ကြိမ် ငြင်းဆိုလိုသည်။ သို့သော် သူတို့ လဝိညာဉ်ရေကန်အကြောင်းကို မုချန် ပြောပြသလောက်သာ သိထားသည်။ ရေကန်အနီးအနားမှာ သူတို့ လိုအပ်သော ဆေးပင်များ ပေါက်ရောက်ကြောင်းကိုသာ မုချန် ပြောပြထားသည်။ သို့အတွက် ထိုနေရာနှင့် ပတ်သက်သော အချက်အလက်ကို နည်းနည်း ပိုစုဆောင်းမိလျှင်လည်း သူတို့အတွက် ထိခိုက်မှု မရှိဘဲ ထိုဆေးပင်များကို ရှာဖွေဖို့ လွယ်ကူသွားမှာ ဖြစ်ပြီး သူတို့အတွက် အကူအညီပင် ဖြစ်လိမ့်မည်ဟု သူ တွေးမိသည်။ ထို့ကြောင့်...

ပါရမီရှင်သမားတော်(၂)Kde žijí příběhy. Začni objevovat