၄၇၄။ အငြိုးသိုသော အမျိုးသမီး-၁
ဒီလောက် လူအများကြီး တကယ် ဒဏ်ရာရထားလျှင် သွေးနံ့က လေထုထဲမှာ ပြင်းပြင်းထန်ထန် လှိုင်နေမှာ ဖြစ်သည်။ ဂျန်ဝုရှီက လေထုကို အနည်းငယ် အနံ့ခံရုံသာ လိုအပ်သည်။ နောက်ဆုံး သူမ သေချာသိလိုက်တာက ဒါ သရုပ်ဆောင်နေခြင်းဟူ၍ ဖြစ်သည်။
ဖန်ဂျင်က နှုတ်ခမ်းကို ကိုက်ထားသည်။ မင်း ဒီလာဖို့ သဘောတူချိန်မှာ မင်းရဲ့ တကယ့် အစစ်အမှန် ရည်ရွယ်ချက်က ဒါတွေအားလုံးရဲ့ နောက်ကွယ်က လူကို ရှာဖို့လား။
ဂျန်ဝုရှီ နောက်ထပ် ခေါင်းညိတ်ပြသည်။
ဖန်ဂျင် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ကျောက်ချူတို့အုပ်စု၏ တုံ့ပြန်ပုံကို သူ ကြည့်လိုက်လျှင် သူတို့အားလုံး ဒီဖြစ်စဉ်ကို သိရှိထားပြီးဆိုတာ သူ သိလိုက်သည်။ သို့သော် သူတို့က မသိချင်ယောင် ဆောင်ထားခဲ့ပြီး သူနှင့် အတူ ရန်သူ့ထောက်ချောက်သို့ လျှောက်လှမ်းဝင်ရောက်လာခဲ့ကြသည်။ တကယ့် အစစ်အမှန် ပစ်မှတ်က သူတို့ထဲမှ တုံးအသော သူတစ်ယောက်သာ ဖြစ်သည်။
သည်တစ်ချိန်လုံး ဖန်ဂျင်က ဂျန်ဝုရှီကို ကာကွယ်စောင့်ရှောက်သူဟု ကိုယ့်ကိုယ်ကို သတ်မှတ်ထားသည်။ ဖန်ဂျင် နောက်ဆုံး သဘောပေါက်သွားတာက ဂျန်ရှီက သူ့ကြောင့် ဒီလို နာကျင်စရာကိစ္စများကို ရင်ဆိုင်နေရခြင်းသာ ဖြစ်သည်ဟူ၍။ ထိုအခိုက်ဝယ် အပြစ်ရှိတာကို ခံစားလိုက်ရသဖြင့် သူ့နှလုံးသားက အကြီးအကျယ် မောဟိုက်ပင်ပန်းသွားရသည်။
ငါတို့ နောက် ဘာဆက်လုပ်မလဲ ကျောက်ချူက ဖန်ဂျင် ဝမ်းနည်းကြေကွဲနေတာကို တွေ့ရ၍ စကားလမ်းကြောင်း ပြောင်းပေးသည်။
ဂျန်ဝုရှီက မျက်မှောင်ကြုတ်၍ ခေါ်လိုက်သည် ယဲ့ရှ။
ဂျန်ဝုရှီ ခေါ်လိုက်သည်နှင့် အနက်ရောင်လူရိပ်က သူမနောက်တွင် ပေါ်လာသည်။
ထိုလူ၏ အမြန်နှုန်းက မြန်ဆန်လွန်းသဖြင့် ဂျန်ဝုရှီ၏ နောက်ဘက်တွင် ရပ်နေသော ဟွာယောင်းသည်ပင် တုန်လှုပ်ချောက်ချားသွားသည်။ ထို့ပြင် ဟွာယောင်းနှင့် ကျောက်ချူတို့က ယဲ့ရှ၏ မျက်နှာကို မြင်လျှင် သူတို့ ချက်ချင်းပင် တောင့်တင်းသွားကြသည်။
