၇၂၈။ ရှစ်ခုမြောက် ရိုက်ချက် (၉)
သူ ထိုသို့ တွေးမိသည်နှင့် ပူလောင်ပြင်းပြသော မီးလျှံတစ်ခု ဂုယင်၏ ရင်ဘတ်ထဲမှာ တောက်လောင်လာသည်။ ဂျန်ရှီ၏ ကြံစည်ချက်ထဲမှာ ထပ်တလဲလဲ သားကောင်ဖြစ်လာရသဖြင့် ဂုယင်က ထိုပိန်သေးသေး ကောင်စုတ်လေးအပေါ်မှာ ကြိတ်ချေပစ်ချင်လောက်အောင် မုန်းတီးလာသည်။ သူ့မျက်လုံးများက ကျောင်းပေါက်ဝတွင် ရပ်တန့်ထားသော မြင်းဆွဲရထားလုံးပေါ်သို့ မသိမသာ ရောက်ရှိသွားလေ၏။
ထို့နောက် ဂုယင်က နင်ရူကိုပင် ဂရုမစိုက်မိဘဲ ဖြစ်သွားသည်။ သူ့စိတ်က မြင်းဆွဲရထားလုံးပေါ် ရောက်ရှိသွားပြီး ရထားလုံးကို အာရုံစူးစိုက် ကြည့်နေမိသည်။
နင်ရူက ဂုယင်ထံမှ တုံ့ပြန်မှုကို မရလျှင် သူ့နှလုံးသားက ပိုမို၍ ယောက်ယက်ခတ်လာသည်။ သူ ဖန်ဇိုဘေးသို့ လာရပ်သော ဖန်ဂျင်ကို ခေါင်းလှည့် ကြည့်လိုက်သည်။ ဖန်ဂျင်ကို သူ ခေါင်းစ ခြေဆုံး အပြန်ပြန် အလှန်လှန် စစ်ဆေးကြည့်ရှုလိုက်လျှင် ဖန်ဂျင် အစစ်အမှန်မှန်း တိကျသေချာသွားသဖြင့် သူကား ပိုမို၍ စိုးရိမ်ပူပန်လာသည်။
ဖန်ဂျင်, မင်းက ဒီကို မလေးမခန့်နဲ့ ပြန်လာရဲတယ်ပေါ့ ယောက်ယတ်ခတ်၍ စိုးရိမ်ပူန်ခြင်းကြောင့် နင်ရူက ရုတ်တရက် ဒေါသတကြီး အော်ဟစ် ကြိမ်းမောင်းလိုက်သည်။
(ငါ ဖန်ဂျင်ကို ပါးစပ်ဟခွင့် ပေးလို့ မရဘူး၊ အဲနေ့က အဖြစ်အပျက်ကို သူ အကုန်လုံး ဖော်ထုတ်သွားလိမ့်မယ်၊ အဲလိုသာဆိုရင်.....)
(ငါ့အတွက် အရာရာတိုင်း အဆုံးသတ်သွားလိမ့်မယ်။)
အစောင့်တွေ... ကျောင်းအုပ်ကြီးကို သတ်တဲ့ ဒီငမိုက်သားကို ဖမ်းချုပ်လိုက်ကြစမ်း နင်ရူက အော်ဟစ်၍ အမိန့်ပေးသည်။ သူက သူ့ဒေါသကို မနည်းထိန်းချုပ်နေရသဖြင့် တုန်ယင်နေလေ၏။ သို့သော် သူကား တကယ်တော့ ကြောက်လန့်နေခြင်း ဖြစ်သည်။
သို့သော်ငြား လေညင်းကျောင်းတော်ရှိ မည်သူမျှ မလှုပ်ရှားကြချေ။ လူတိုင်းက နင်ရူနှင့် ဖန်ညီအကိုများကြား တလှည့်စီ ကြည့်နေကြသည်။