၃၆၅။ "လူ့အရေပြား မြေပုံ - ၃"

672 47 0
                                    

၃၆၅။ လူ့အရေပြား မြေပုံ - ၃

ဂျန်ဝုရှီ၏ မရမကတောင်းဆိုခြင်းနှင့် ရင်ဆိုင်ရသော ယန်ဘူဂွေ့မှာ ကူကယ်ရာမဲ့သွားပြီး အလျော့ပေးလိုက်ရတော့သည်။ သို့သော် သူက တခြားသူများကို ဂျန်ဝုရှီအား အလွတ်မပေးဖို့နှင့် သူ့အား မထိခိုက်စေရန် တိတ်တဆိတ် ညွှန်ကြားထားသည်။

ဂျန်ဝုရှီက အတော်ရှားပါးပြီး ထူးခြားသည့် လက်စွပ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသဖြင့် ယန်ဘူဂွေ့က သူ့အား ဝိညာဉ်စွမ်းအား တိုးတက်စေဖို့ သာမန်လို ညွှန်ကြားပြသမနေပေ။ သို့သော် ကြာကန်ဘေးမှာ ထိုင်ပြီး ဆီးနှင်းကြာပန်းလေး ကုစားတာကို စောင့်ရှောက်ကြည့်ရှူနေဖို့သာ ညွှန်ကြားထားသည်။

ကျောက်ချူတို့က တခြားလူ့အရေပြား မြေပုံ ခြောက်ခုကို ထောက်လှမ်းနေကြသည်။ နန်းတော် ၁၂ခုက ၎င်းမြေပုံများကို ပိုင်ဆိုင်ထားခဲ့သည်။ သို့သော် အာလူးသီးပူပူလို လက်ထဲမှာ ကိုင်မထားကြချေ။ နန်းတော် ၁၂ခုက အောက်ဘုံရှိ အင်အားစုများနှင့် ပူပေါင်းကြံစည်၍ ထိုအင်အားစုများအား မြေပုံများကို ပေးထားကြသည်။ အမှောင်ဘုရင်ကြီး၏ အုတ်ဂူကို ရှာဖွေခြင်းဆိုသည့် သူတို့၏ ညစ်ပတ်သည့် လုပ်ရပ်ကို သူတို့ ကိုယ်စား ဆောင်ရွက်ခိုင်းထားခြင်း ဖြစ်သည်။

သည်လို ခိုးကြောင်ခိုးဝှက် လုပ်ရပ်က နန်းတော် ၁၂ခု၏ ပုံမှန် လုပ်ရိုး လုပ်စဉ်ပင် ဖြစ်သည်။

အမှောင်ဘုရင်ကြီး၏ ရတနာများကို ရှာဖွေတွေ့ရှိသူ မည်သူမဆို နန်းတော် ၁၂ခုကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားကို ရရှိကြမည် ဖြစ်သည်။

ကျောက်ချူတို့က လက်စားချေဖို့ အခွင့်အလမ်း ရှာဖွေနေကြသည်။ ဂျန်ဝုရှီ၏ မီးမိစ္ဆာနန်းတော်ကို အမြစ်ဖြတ်သုတ်သင်ပစ်လိုသည့် ရည်ရွယ်ချက်က သူတို့နှင့် တေ့တေ့ဆိုင်ဆိုင် တူညီသွားသည်။

နောက်တစ်ချက်က ဂျန်ဝုရှီ တပည့်ဖြစ်လာခြင်းက ယန်ဘူဂွေ့နှင့် သူ့တပည့်များ၏ နာကျင်ဖွယ်ရာ ကံကြမ္မာကို သူမအား သတိပြုမိသွားစေသည်။

‌ကျောက်ချူတို့က စွမ်းအားကောင်းကြသည်။ သို့သော် သိုသိုသိပ်သိပ် နေဖို့ ဖိအားပေးထားကြရသည်။ တာဝန်တစ်ခုစီတိုင်း၏ ရည်ရွယ်ချက်က အလွန်ထင်ရှားပြီး မြေပုံအပိုင်းအစများကို လိုက်လံရှာဖွေဖို့ပင် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now