၅၃၂။ ငှက်ကြားသိုက်တွင် ချိုးငှက်ကို ထောင်ဖမ်းခြင်း-၃
ဖန်ဇို၏ ဇွန်းကိုင်ထားသော လက်များက တောင့်တင်းသွားသည်။ သူ၏ နုနယ်သော ခန္ဓာကိုယ်က စန့်သွားသည်။ သူက ခေါင်းမော့မကြည့်ပေ။ သူက အတော်ကြာ တိတ်ဆိတ်စွာ နေပြီးမှာ အသံအက်အက်ဖြင့် ပြောသည် သူတို့ကို ပြောရင်တောင် ငါ ဘာလုပ်နိုင်မှာမို့လို့လဲ၊ သက်သေ မရှိရင် ငါ့အဖေနဲ့ အကိုကြီးက ယုံကြည်မှာ မဟုတ်ဘူး၊ ပြီးတော့ အဲဒါသာ အဲလူနားထဲ ပြန်ရောက်သွားရင်, သူ ငါ့ကို မြန်မြန် ဖယ်ရှားပစ်မှာ အသေအချာပဲ၊ နည်းနည်းလေး အချိန်ဆွဲထားပြီး အံ့ဖွယ် ဖြစ်ရပ် ဖြစ်လာတဲ့ အထိ စောင့်ဆိုင်းနေတာ ပို မကောင်းဘူးလား။
ဖန်ဇို၏ လေသံက ခါတိုင်းလို လွတ်လွတ်လပ်လပ် မရှိပေ။ သူက နှိပ်ကွပ်ထားရပြီး အသံအက်အက်ဖြင့် ကြားရရုံမျှသာ ပြောသည်။
ဖန်ချီက အဲလူကို အတော် ယုံသလား ဂျန်ဝုရှီက မျက်ခုံးတစ်ဖက်ပင့်၍ မေးသည်။
အဲလူက သူ့ကို တစ်ကြိမ် အသက်ကယ်ပေးဖူးတယ်၊ အဲကတည်းက ငါ့အဖေက အဲလူကို အမြဲတမ်း အရေးပေးတယ်၊ ငါ့ကို တစ်ယောက်ယောက်က ဖယ်ရှားပစ်ချင်နေတာကို ငါ သိနေတာ ကြာပါပြီ၊ အမှတ်အသား မရှိဘူး, သက်သေ မရှိဘူး၊ ငါ့စကားလောက်လေးနဲ့ ငါ့အဖေက ယုံမှာ မဟုတ်ဘူး။ ဖန်ဇိုက နောက်ဆုံးတွင် ခေါင်းမော့လာသည်။ သူ၏ ချောမောသော မျက်နှာမှာ နူးညံ့သော အပြုံး ရှိမနေပေ။ ထိုအပြုံးနေရာမှာ အေးစက်စက် အသွင်အပြင်သာ ရှိနေပြီး သူ့မျက်လုံးများကလည်း အေးစက်ကာ ထက်မြိနေသည်။ အေးစက်မာကျောသော ဓားသွားလို တလက်လက် ဖြစ်နေ၏။
သူ့ရန်သူကို တစ်ချက်တည်းဖြင့် အနိုင်ယူဖို့ ယုံကြည်ချက် မရှိလျှင်, သူက လှုပ်ရှားမှာ မဟုတ်ပေ။ သူ့ရန်သူ သတိမထားမိအောင် မည်သို့ပင် ဖြစ်စေ သူ တိတ်ဆိတ်စွာသာ နေထိုင်ခဲ့ရသည်။
ဒါဆို ဘာလို့ အခုကျမှ လှုပ်ရှားလာတာလဲ။ ဂျန်ဝုရှီက မေးသည်။
ဖန်ဇိုက ဂျန်ရှီကို စူးစိုက်ကြည့်သည်။ သူ၏ မဲမှောင်နေသော အမူအရာက နူးညံ့သိမ်မွေ့သော အပြုံးဖြင့် တလက်လက် တောက်ပလာသည်။