၇၀၃။ ရင်ဆိုင်ဖို့ ပြင်ဆင်ခြင်း (၂)

407 37 1
                                    

၇၀၃။ ရင်ဆိုင်ဖို့ ပြင်ဆင်ခြင်း (၂)

၎င်းသွေးနံ့က ဂျန်ဝုရှီအား ပြောင်ပြောင်တင်းတင်း ပြောနေတာက ဝိညာဉ်ကုစားဌာနသို့ ဂုယင် သွားနေစဉ် လေညင်းကျောင်းတော်တွင် ပိုမို၍ မွှေနှောက်ထားခဲ့သည် ဟူ၍ ဖြစ်သည်။

အကိုကြီး ငါ့ကို သင်ပေးထားတဲ့ဟာတွေကို ဂူလီရှန်လည်း ရှင်းလင်းအောင် လုပ်မပေးနိုင်ဘူး ဂုယင်က ရယ်လျက် ပြောသည်။ သူက ဂျန်ဝုရှီကို တိုက်ရိုက်ကြည့်သည်။

ဂျန်ဝုရှီက စကားတစ်ခွန်းမျှ မပြောဆိုပေ။ သို့သော် ဝိညာဉ်စွမ်းအားကို ဝိညာဉ်စွမ်းအင်သို့ ပြောင်းလဲပုံကို ‌နောက်တစ်ကြိမ် သရုပ်ပြပေးသည်။

အရင်တုန်းက လီဇီမုလိုပင် ဂူလီရှန် ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးသော်လည်း ပါရမီပါမလာလျှင်, အရာရာတတ်သိသူ ဖြစ်ပါစေ, ဝိညာဉ်ကုစားခြင်း နည်းစနစ်ကို ဆုပ်ကိုင်မိဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။

ဂုယင်အတွက်လည်း နည်းတူသာ ဖြစ်သည်။ ဂျန်ဝုရှီက အလွန် အမင်း စိုးရိမ်ပူပန်မနေခဲ့ပေ။

ညစာစားချိန်ရောက်တော့မှ အာ့ဂျန် မရှိမှန်း ဂုယင် သတိပြုမိသွားသည်။ သို့သော် သူက ရယ်မောလျက်သာ ရှိသည်။ အနည်းငယ် ညည်းတွားလိုက်ပြီး ဘာမှ မဟုတ်သလို နေလိုက်သည်။

သို့သော် အာ့ဂျန်မရှိသဖြင့် ဝါးတောအုပ်လေးမှာ ချက်ပြုတ်တတ်သူ မည်သူမျှ မရှိတော့ချေ။

ဂုယင်က ဂျန်ဝုရှီကို အတူတူ ထမင်းသွားစားရန် ဖိတ်မံသည်။ သူတို့ စားမည့် နေရာသို့ ရောက်လျှင် ဂျန်ဝုရှီ၏ မျက်လုံးများ အေးစက်သွားရသည်။

ဂုယင်က ဂျန်ဝုရှီကို ကျောင်းအုပ်ကြီး၏ ခြံဝန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ၎င်းခြံဝန်းက ဖန်ချီ၏ သီးသန့်နေရာဖြစ်သည်။ သို့သော် အခု အရာရာတိုင်းက နင်ရူ၏ အပိုင် ဖြစ်သွားသည်။

နင်ရူကို နောက်တစ်ကြိမ် မြင်လိုက်သော ဂျန်ဝုရှီ၏ မျက်နှာက လုံးဝ အမူအရာမပျက် ရှိသည်။ နင်ရူ၏ မျက်နှာက ကြော့မော့၍ ယဉ်ကျေးပျူငှာသော စာပေသမားအသွင် ရှိသည်။ ခင်မင်နှစ်လိုဖွယ်ရှိပြီး ပေါင်းရသင်းရလွယ်ကူပုံပင်။ သို့သော် နင်ရူ၏ ထိုအရာအားလုံးက အတုအယောင်များသာ ဖြစ်ကြသည်။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ