၃၀၄။ “ဝိညာဉ် အပြောင်းအလဲ လုပ်ခြင်း - ၂”
ကျောက်ချူက ပျောက်ကွယ်သွားသည့် ဂျန်ဝုရှီ၏ ကျောပြင်ကို စူးစိုက်ကြည့်နေရင်း ပြောစရာ စကားကင်းမဲ့သွားရသည်။ ဂျန်ဝုရှီ၏ ရုတ်တရက် ထွက်ခွာသွားခြင်းကြောင့် သူ့လက်က လေထဲမှာ ရပ်တန့်လို့ နေသည်။
ဂျန်ဝုရှီ၏ အခန်းထဲ မဝင်ရန် တားမြစ်ခံရတာကို သူ လက်ခံသည်။ သို့သော် အနည်းဆုံးတော့ သူက ကြောင်ကို ချန်ထားခဲ့ရမည် မဟုတ်လော။ ဂျန်ရှီက သူ့အခန်းထဲ ဝင်ခွင့်မပြုလျှင် သူက မည်သို့ ကြောင်နက်လေးကို ဟွာယောင်းဆီ ပို့ပေးရမည်နည်း။
အနည်းဆုံးတော့ သူ မထွက်သွားခင် ရှင်းရှင်းလင်းလင်း ပြောပြခဲ့သင့်သည် မဟုတ်လော။
နောက်နေ့ မနက် အရုံတက်တွင်, ကျောက်ချူက အိပ်ကောင်းတုန်း, တံခါးကို ပြင်းပြင်းထန်ထန် ကုတ်ခြစ်သံကြောင့် သူ နိုးထလာသည်။ တံခါးကို ဒေါသတကြီး ဖွင့်လိုက်လျှင်, ကျောက်ချူက သူ့ရှေ့မှာ ကြောင်နက်လေးက အပြစ်ကင်းဟန်ဖြင့် ထိုင်နေတာကို တွေ့လိုက်သည်။
“မင်းသခင်က မင်းကို ဒီ လာခိုင်းလိုက်တာလား” ကျောက်ချူက ကောင်းကင်ကို မော်ကြည့်လိုက်လျှင် အရှေ့ဖက်တွင် အလင်းရောင်က ထွက်ခါစပင် ရှိသေးသည်။ တပည့်များအားလုံး၏ အခန်းတံခါးအားလုံးက ပိတ်လျက်သားပင် ရှိကြသေးသည်။ သူတို့က အိပ်မက် မက်လို့ ကောင်းတုန်းပင် ရှိကြသေးသည်။
ကြောင်နက်လေးက မျက်မှောင်ကြုတ်သွားသည်။ မနေ့ညက ကြောင်လေး၏ သူ့အား မနှစ်မြို့ဖွယ် အမူအရာက ပျောက်ကွယ်သွားပုံရသည်။ သို့သော် အေးစက်စက် အမူအရာက အစားထိုးလာသည်။
ကျောက်ချူက ကြောင်နက်လေးအား ကောက်ချီရန် ကိုယ်ကို ကိုင်းလိုက်သည်။ သူက ကြောင်နက်လေး၏ အေးစက်ပြီး တည်ငြိမ်သည့် မျက်လုံးများကို တွေ့မြင်၍ သူ့အောက်ပိုင်းကိုယ်ကို နှိမ့်ချလိုက်သည်။ ထို့နောက် ရုတ်တရက် သူ အမြင်တစ်မျိုး ဖြစ်လာသည်။ သူ့ရှေ့တွင် ရပ်နေသည့် ကြောင်နက်လေးက ကြောင်နက်လေးမဟုတ်ဘဲ ဂျန်ရှီကိုယ်တိုင်လို မြင်မိသည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)