၈၃၀။ တောင်းပန်ပါတယ်, ဒါ ကျုပ် အလှည့်ပါ (၅)

366 43 0
                                    

၈၃၀။ တောင်းပန်ပါတယ်, ဒါ ကျုပ် အလှည့်ပါ (၅)

ပထမတိုက်ပွဲကွင်းပြင်တွင် လူတိုင်းကို တုန်လှုပ်ချောက်ချားချားခြင်းက ဆုပ်ကိုင်ထားနေစဉ် လူအုပ်ကြားထဲတွင် လူတစ်ယောက်က ထိုနေရာရှိ အရာရာတိုင်းကို လေ့လာစူးစမ်းနေရင်း မျက်မှောင်ကြီး ကုတ်သွားလေ၏။ ထို့နောက် ထိုလူက တိတ်ဆိတ်စွာ တိုက်ပွဲကွင်းပြင်၏ နောက်ဖေးပေါက်မှ လစ်ထွက်သွားသည်။

ဇောင်းရွှမ်က သူ့ကျောင်းတော်အတွက် သတ်မှတ်ထားသော တည်းခိုအိမ်သို့ အပြန်လမ်းမှာ ရှိနေသည်။ ထိုစဉ် လူတစ်ယောက် သူ့နောက်မှ နီးကပ်လာတာကို ရုတ်တရက် ခံစားလိုက်ရသည်။ သူက ခေါင်းကို နောက်သို့ လှည့်ပင် မကြည့်လိုက်ရသေးချေ။ ထိုစဉ် သူ့ပခုံးပေါ်သို့ လက်တစ်ဖက် ကျရောက်လာသဖြင့် သူ အေးစက် တောင့်တင်းသွားရသည်။

အသံမထွက်နဲ့, ငါ့နောက်သာ လိုက်ခဲ့စမ်း။ နိမ့်ပြီး အက်ကွဲစူးရှသော အသံက ဇောင်းရွှမ်နောက်ဘက်မှ ထွက်ပေါ်လာသည်။ ဇောင်းရွှမ်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ့မျက်နှာလည်း ကြောက်ရွံ့ထိတ်လန့်ခြင်း ပြည့်နှက်သွားသည်။ သူက စကားနာခံသောအားဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထိုလူက အားသုံး၍ မဲမှောင်နေသော တစ်ဖက်လမ်းကြားသို့ ဇောင်းရွှမ်ကို တွန်းထိုး၍ ခေါ်သွားသည်။

မဲမှောင်နေသော လမ်းကြားတွင် အနက်ရောင်ဝတ်လူကြီးတစ်ယောက်က လက်နောက်ပစ်၍ ရပ်နေသည်။ ထိုလူ့မျက်နှာက ရုပ်ဆိုးနေသည့် အပြင် အခု ပိုမို၍ နက်မှောင်မာကျောလို့ နေသည်။ ထိုလူကြီးက ဖိအားပေးခေါ်ယူလာခဲ့သော ဇောင်းရွှမ်ကို အေးစက်မာကျောစွာ ကြည့်လိုက်သည်။ သူ့မျက်လုံးများက ဒေါသရိပ်များဖြင့် တလှပ်လှပ် ဖြစ်နေသည်။

မင်း ဘာလုပ်ခဲ့တာလဲ သိလား အနက်ရောင်ဝတ်စုံရှင်က ဇောင်းရွှမ်အား အေးစက်စက်ကြည့်လျက် မေးသည်။ သူ့အသံက ဒေါသကြောင့် တုန်ယင်နေလေ၏။

ဇောင်းရွှမ်က တုန်ယင်သွားသည်။ သူ့မျက်နှာက ဖြူဖပ်ဖပ် ဖြစ်သွားသည်။

မင်းကို ငါ ကောလာလဟတွေ ဖြန့်ခိုင်းထားတယ်မို့လား၊ တိုက်ပွဲကိုလည်း လက်လွှတ်အရှုံးပေးဖို့ ပြောထားတယ်မို့လား၊ အဲဒါတွေ မလုပ်ဘဲနဲ့ ဘာ့ကြောင့် ဒီတိုက်ပွဲကွင်းပြင်မှာ ပေါ်လာရတာလဲ အနက်ရောင်ဝတ်စုံဝတ် လူကြီး၏ မျက်လုံးများက ဒေါသမီးများ တပြောင်ပြောင် တောက်လောင်နေလေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now