၇၄၃။ လက်လေးကို ဖျစ်ညှစ်ခြင်း (၂)
ဟမ် ဂျန်ဝုယောင်း မျက်လုံးများ ပင့်သွားသည်။ သူမ မထိခိုက်ဘူးဆိုတာကို သူ သိသည်။ သို့မဟုတ်လျှင်, ထိုပိုးမွှားသုံးကောင်က လွယ်လွယ်ကူကူ သေရမည် မဟုတ်ပေ။
ဂျန်ဝုရှီက ခေါင်းငုံ့၍ သူမ၏ လက်ချောင်းထိပ်များကို ဖျစ်ညှစ်နေသော လက်ဖဝါးတစ်စုံကို ကြည့်လိုက်သည်။ ထို့နောက် သူမက သူ့ကို မော့ကြည့်သည်။
(သူက သူမလက်များ ဒဏ်ရာရနေသလားလို့ စစ်ဆေးနေသလော။)
........ ပြုံးနေသော ဂျန်ဝုယောင်း၏ မျက်နှာက အနည်းငယ် တောင့်တင်းသွားသည်။ သူ ရုတ်တရက် ကျယ်လောင်စွာ နောက်တစ်ကြိမ် ရယ်လိုက်သည်။
အဲဒီလူတွေက အားမနည်းကြဘူး၊ သူတို့က မသိလိုက်မသိဘာသာနဲ့ လျှို့ဝှက်လက်နက်တွေနဲ့ တိုက်ခိုက်တာလည်း ဖြစ်နိုင်တယ်၊ ဒါ့ကြောင့် မင်း မသိသေးတဲ့ အတွင်းဒဏ်ရာတွေ ရချင် ရနေနိုင်တယ်၊ အဲဒဏ်ရာတွေကို သေချာ မစစ်ဆေးရင်, ဒဏ်ရာတွေ လွတ်ထွက်သွားနိုင်တယ်၊ ရှီလေး ငါ့ကို ပြော, ငါ မင်းရဲ့ အတွင်းဒဏ်ရာတွေ ကူညီ စစ်ဆေးပေးနိုင်တယ်၊ ဒါဆို ပိုမကောင်းသွားဘူးလား ဂျန်ဝုယောင်းက ပြောသည်။ သူက ထက်သန်ပြင်းပြစွာ ပြုံးနေသည်။
ဂျန်ဝုရှီက ဂျန်ဝုယောင်း၏ စကားများကြောင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ နောက်ထပ် တုံ့ပြန်မှု မလုပ်တော့ပေ။ ငြိမ်သက်စွာ သူမ ထိုင်နေသည်။ ဂျန်ဝုယောင်းအား သူမ နှောင့်ယှက်မိမှာ စိုးရိမ်သွားသည်။ သူမလက်များကို ဆက်လက် စစ်ဆေးဖို့ လက်ဆန့်ပေးလိုက်သည်။
ဂျန်ဝုယောင်းက သူ့အလိုကျ ဖြစ်သွားသဖြင့် ပီတိဖြာ၍ သူမ၏ လက်ချောင်းထိပ်များကို နှိပ်နယ်ပေးသည်။ သူမ၏ လက်လေးများကို ထပ်ပြန်တလဲလဲ တို့ထိ၍ ကစားသည်။ သူမလက်ဖဝါးကို သူက အသာအယာ ကုတ်ခြစ်ပေးသည်။ ထိုပေါ့ပါးသော ရွစိရွစိ တို့ထိခြင်းကြောင့် ဂျန်ဝုရှီ၏ ခန္ဓာကိုယ်လေးက တုန်တုန်ယင်ယင် ဖြစ်သွားသည်။
ဂျန်ဝုယောင်းက ဘယ်တော့မှ အနားမယူတော့မည့်ဟန်ပင် ပေါက်လာသည်။