၄၇၇။ အငြိုးသိုသော အမျိုးသမီး-၄
ယန်လေး, နင် နေကောင်းရဲ့လား၊ လေအေးတွေ တအားတိုက်နေလို့လား နင်ရှင်းက မျက်နှာဖြူရော်ရော်ဖြစ်သွားသော ယင်ယန်ကို ကြည့်လျက် အပြုံးဖြင့် မေးသည်။ သူမအပြုံးမျက်နှာက အမြဲတမ်းလိုပင် သိမ်မွေ့နူးညံ့နေ၏။
ယင်ယန် ပြန်လည် တည်ငြိမ်သွားပြီး အမြန်အဆန် ပြောသည် အင်း, နည်းနည်း အေးသွားလို့။
ဒါ သူ့ထင်မြင်ချက်သာ ဖြစ်ရမည်။ အမကြီးနင်က ပြည့်စုံလွန်းသော မိန်းမပျို ဖြစ်သည်။ သူမမှာ ဘာလို့ ဒီလောက် ကြမ်းကြုတ်ရက်စက်သော အတွေးမျိုး ရှိနိုင်မှာတဲ့လဲ။
နင်ရှင်းက ပြုံးနေလျက်သာ, နောက်ထပ် မပြောတော့ချေ။
တစ်ဖက်တွင် ကျောင်းသားများက တိုက်ပွဲကွင်းပြင်ကို ရှင်းလင်းနေကြသည်။ နောက်လူငယ်တစ်ယောက်က အလွန်ကြီးမားသော သားရဲကြီး၏ ဦးခေါင်းပေါ်မှာ ရပ်နေဆဲဖြစ်သော အရပ်ရှည်ရှည် ကျောင်းသားကြီးထံ အပြေးလာ၍ အော်ခေါ်သည် အကိုကြီး လူ, အကိုကြီး လူ။
လူဝေဂျိုင်က ခေါင်းလှည့်ကြည့်သည်။ သူ့မျက်နှာက တင့်တယ်ချောမောသော ရုပ်သွင်ရှိသည်။ မာနကြီးဟန်လည်း ရောစွက်ထားသည်။ သူက သားရဲကြီးပေါ်မှ တင့်တယ်သော ဟန်ပန်ဖြင့် ခုန်ချ၍ သူတူးထုတ်ယူထားသော သွေးစွန်းနေသည့် ဝိညာဉ်ကျောက်တုံးကို တစ်ဖက်မှာ ရပ်နေသော တခြားကျောင်းသားဆီ ပစ်ပေးသည်။
ဘာတဲ့လဲ လူဝေဂျိုင်က သူ့လက်မှ သွေးကို သုတ်ပစ်၍ မေးသည်။
လူငယ်က အမြန်အဆန် ပြန်ပြောသည်။
ထိုလူငယ်က လက်နက်ဝိညာဉ် ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ့လက်စွပ်ဝိညာဉ်က တိုက်ပွဲဖိနပ်တစ်ရံအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိသည်။ ၎င်းတိုက်ပွဲဖိနပ်များက သူ့အမြန်နှုန်းကို တိုးတက်စေပြီး ခုန်လွှားသွားနိုင်သော စွမ်းရည်ရှိ၏။ ထို့ကြောင့် သူက လိပ်ပြာသားရဲများကို ထောက်လှမ်းရသော တာဝန်ယူထားရသည်။ သူက တောအုပ်နက်ကြီးတွင် သူတို့၏ နောက်ထပ် ပစ်မှတ်ထားသင့်သော နေရာကို ရှာဖွေနေစဉ် ကြီးကျယ်ခန်းနားသော တိုက်ပွဲကို ကိုယ်တိုင် တွေ့မြင်ခွင့်ရသွားခဲ့သည်။ လူတစ်စုက အဆင့်မြင့် လိပ်ပြာသားရဲများအား သတ်ဖြတ်နေတာကို သူ့မျက်လုံးများဖြင့် ကြည့်ခွင့်ရခဲ့သည်။ ထိုလူများ၏ တိုက်ပွဲစွမ်းရည်ကား တကယ်ပင် မျက်စိစွဲလောက်စရာ ဖြစ်သည်။