၉၀၂။ လက်စွပ်(၁)

211 14 0
                                    

၉၀၂။ လက်စွပ်(၁)

သူ့ခန္ဓာကိုယ်မှ နောက်ဆုံး ထွက်သက် ထွက်သွားသည်နှင့် ထိုလူ၏ မျက်နှာမှာ တကယ်ပင် စိတ်သက်သာရာ ရဟန်ဖြင့် အပြုံးဖျော့ဖျော့လေး ဖြစ်သွားသည်။ သေခြင်းနှင့် နှိုင်းစာလျှင် ဂျန်ဝုရှီ၏ ဆေးလုံးက ရှင်နေလျက် ပိုမို၍ မခံမရပ်နိုင် ဖြစ်စေသည်။

ဘာလို့ မိဖုရားကြီးရဲ့ အချစ်တော်က မင့်အသက်ကို ရန်ရှာရတာလဲ ကျောက်ချူက ဂျန်ဝုရှီကို ကြည့်လိုက်သည်။ သူတို့ထဲမှ မည်သူမျှ အမတ်ချုပ်ကြီးနှင့် မဆုံဖူးပေ။ သို့သော် လေ့ချန်ပြောပုံအရဆိုလျှင်, အမတ်ချုပ်ကြီးက မိဖုရားကြီးနှင့် ဥပဒေချိုးဖောက်သော ကိစ္စရပ်ကို ကျူးလွန်ထားသည်။ သူတို့၏ ကလေးက လက်ရှိ စတုတ္ထမင်းသားလေး လေ့ချန် ဖြစ်သည်။

ဂျန်ဝုရှီက အမတ်ချုပ်ကြီးနှင့် မတွေ့ဖူးတာကို ပြောစရာပင် မလိုသလို, မိဖုရားကြီးနှင့်လည်း သူမ မတွေ့ဖူးပေ။ သူတို့နှင့် အနီးကပ်ဆုံး ချိတ်ဆက်ထားသူက, သူမ အနည်းအကျဉ်း တုံ့ပြန်ဆက်ဆံမိသော လေ့ဖန်သာ ရှိသည်။ သို့ပါလျက် အဘယ့်ကြောင့် အမတ်ချုပ်ကြီးက ရုတ်တရက် သူမအသက်ကို ရယူချင်ရသနည်း။

စတုတ္ထမင်းသားလေးရဲ့ အဖေအရင်းက လူများ မှားသွားသလား၊ ညက ညစာစားပွဲမှာ မှတ်မိတာ ရှိသေးတယ်၊ လေ့ဖန်က မင်းကို သိမ်းသွင်းနိုင်ဖို့ အရမ်း စိတ်အားထက်သန်နေတာပဲ၊ သူ ကျရှုံးသွားတာက မင်းကိုယ်တိုင် သူ့လက်အောက်ကို ခိုဝင်လာအောင် မလုပ်နိုင်တာပဲ၊ ဘာလို့ တစ်ညတည်းနဲ့, သူ့အဖိုးကြီးက မင်းကို သတ်ဖို့ လူလွှတ်လိုက်ရတာလဲ ‌ကျောက်ချူက စဉ်းစားရင်း ခေါင်းရှုပ်လာသည်။

သူ လူမှားသွားတာ မဟုတ်ဘူး ဂျန်ဝုရှီက တည်ငြိမ်စွာ ပြောသည်။

မမှားဘူးလား ဖန်ဇိုက မေးလိုက်သည်။ မင်း လေ့ဖန်နဲ့ အတူတူ နန်းတွင်း ဥယျာဉ်ကို ထွက်သွားခဲ့တယ်၊ ဒါပေမဲ့ မင်း ပြန်လာချိန်မှာ, မင်းက မဟာအကြံပေးနဲ့ အတူတူ ပေါ်လာတယ်၊ လေ့ဖန်က ရုတ်တရက် နန်းတွင်းဥယျာဉ်ထဲမှာ ဖျားနာသွားခဲ့တယ်၊ ဒါကို မင်းလုပ်ခဲ့ပုံ ရတယ်။

ဂျန်ဝုရှီ ခေါင်းညိတ်လိုက်သည် ငါ သူ့မှာ အသုံးပြုထားတဲ့ မျက်နှာ‌ပြောင်းစနစ်ကို အာနိသင်ပျက်အောင် လုပ်ခဲ့တယ်။

ပါရမီရှင်သမားတော်(၂)Où les histoires vivent. Découvrez maintenant