၅၃၁။ ငှက်ကျားသိုက်တွင် ချိုးငှက်ကို ထောင်ဖမ်းခြင်း-၂
သူ့အတွက် အစားအစာက ဆေး၏ ဂုဏ်သတ္တိကို ဖျက်ဆီးပစ်မှာ စိုးသဖြင့် သူတို့ ယုံကြည်စိတ်ချရသော ဦးလေး ဂုန်းချန်းလေ့ကို ပြင်ဆင်ခိုင်းထားသည်။ ပြင်ဆင်သည်မှ ပို့ဆောင်သည်အထိ ဂုန်းချန်းလေ့က အပြည့်အဝ တစ်ယောက်တည်း တာဝန်ယူဆောင်ရွက်ပေးသည်။ မည်သူ့လက်ထဲကိုမျှ ထည့်မပေးပေ။
ဂုန်းချန်းလေ့က ဖန်ချီ ခရီးထွက်တုန်းက ကယ်တင်ပေးထားသူ ဖြစ်သည်။ အဲတုန်းက သူတို့ နှစ်ယောက်လုံး အသက်အရွယ် ငယ်ကြတုန်းပင် ဖြစ်ပြီး ဖန်ချီက သူ့ဆရာ့လက်အောက်မှာ ပညာသင်ကြားဆဲပင် ရှိသေးသည်။ ထိုစဉ်ကတည်းက ဂုန်းချန်းလေ့က ဖန်ချီနောက်သို့ လိုက်ပါလာခြင်း ဖြစ်သည်။ ဆယ်စုနှစ်ပေါင်း များစွာ ကြာပြီးနောက် ဂုန်းချန်းလေ့က တုန်လှုပ်ခြင်းမရှိ ခိုင်မြဲသော သစ္စာတရားကို ပြသခဲ့သည်။ သစ္စာဖောက်မည့် မည်သည့် အရိပ်အယောင်ကိုမျှ မပြသပေ။
ဖန်ဂျင်က သူ ကြီးပြင်းလာသည်အထိ ကြည့်ရှူစောင့်ရှောက်ပေးသော ဦးလေးကို သံသယဝင်စ ပြုလာသည်။
သူ မဟုတ်လောက်ဘူး၊ တစ်ယောက်ယောက်က တကယ် လုပ်ချင်ရင်, ဟင်းခတ်အမွှေးအကြိုင် ထည့်ရင်တောင် သူ သံသယဝင်လိမ့်မယ်။ ဂျန်ဝုရှီ ပြောသည်။
ဖန်ဂျင်က ဖြစ်နိုင်ဖွယ်ရာ အားလုံးကို သုံးသပ်နေသည်။ သို့သော် မည်သူ့ကိုမျှ မဖော်ထုတ်နိုင်ပေ။
ဂျန်ဝုရှီက ဖန်ဂျင်ကို ဆက်လက်၍ ကြည့်နေသည်။ သူမ မျက်လုံးများက တလက်လက် ဖြစ်နေ၏။
သူမ သံသယဝင်သော လူတစ်ယောက် ရှိသည်။ သူက လက်သည်တရားခံ ဖြစ်နိုင်သည်။ ဖန်ဂျင် ထိုလူ၏ ဇာစ်မြစ်ကို ကောင်းကောင်း သိနိုင်သည်။ သို့သော် သူ မေ့လျော့နေလေ၏။
ခံစားချက်များက လူတစ်ယောက်၏ ဆုံးဖြတ်ချက်ကို အမြဲတမ်း ပိတ်ဖုံးထားတတ်သည်။
ဂျန်ဝုရှီက ရေနွေးကို ဇိမ်ခံ သောက်သုံးနေသည်။ သူမ သံသယကို သူမရှေ့မှ ငတုံးကို ဖော်ထုတ်ပြရင် ကောင်းမလားဟူ၍ သူမ တွေးတောနေသည်။
