၆၇၉။ မိုးကောင်းကင်အဆုံး ကျောက်နက်မှ ပြန်ထွက်ခြင်း (၄)
နင်တို့တွေ ဒါကို ကြည့်သင့်တယ် ဂျန်ဝုရှီက သူတို့နောက်ဘက်ရှိ နံရံများကို ညွှန်ပြလျက် ပြောသည်။
ကျောက်ချူတို့က သူတို့ ခေါင်းများကို လှည့်ကြည့်ကြသည်။ သို့သော် သူတို့ အရင်ဆုံး မည်သည့် ထူးခြားချက်ကိုမျှ မတွေ့ကြရချေ။ သို့သော် ရောင်းရူက နံရံကျောက်အုတ်များမှာ ရေးထွင်းထားသော စာလုံးများကို အမြန်အဆန် သတိပြုမိသွားသည်။
ငါ စာလုံးတွေ မြင်ရတယ် ရောင်းရူက တခြားသူများအား ပြောသည်။
လူတိုင်း ရှေ့တိုး၍ ကြည့်ကြသည်။ သူတို့အားလုံး စာကြောင်းများ အားလုံးကို ဂရုတစိုက် ဖတ်ရှုကြသည်။ ထို့နောက် သူတို့ သက်ပြင်းလေးကြီးများ ချလိုက်ကြသည်။
နန်းတော်ဆယ့်နှစ်ခုက ဝိညာဉ်စွမ်းအားမြှင့် နည်းလမ်းနဲ့ လူတွေကို မြှူဆွယ်ပြီး သူတို့အတွက် အလုပ်လုပ်ခိုင်းမယ်လို့ ငါ မထင်ထားမိခဲ့ဘူး၊ အဲလူက အတော်လေး သနားစရာကောင်းတာပဲ၊ သူ ချန်ထားရစ်ခဲ့တဲ့ စာတွေ အရဆိုရင်, သူက အောက်ဘုံမှာ အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်ပဲ၊ သူ့လောဘကြောင့် အဲဒီအရာအားလုံးကို ဖြုန်းတီးပစ်ခဲ့တာပဲ ရောင်းရူက အသာအယာ သက်ပြင်းချလိုက်သည်။ သူမက ကျောက်တုံးအိမ် ပိုင်ရှင်အတွက် အနည်းငယ် ဝမ်းနည်းမိသွားသည်။
(နန်းတော်ဆယ့်ခုကို ဘယ်တော့မှ လွယ်လွယ်ကူကူ ယူဆထားလို့ မရဘူး။)
(သူတို့ထံမှ အထောက်အကူ ရဖို့နှင့် သူတို့အပေါ် ကျေးဇူးကြွေးတင်စေဖို့ဆိုလျှင် သေမင်းလမ်းကြောင်းသို့ လျှောက်လှမ်းဝင်ရောက်တာကပင် ကောင်းသေးသည်။ ထိုလူက ဒီနေရာမှာ မသေဘဲ အမှောင်ဘုရင်ကြီး၏ အုတ်ဂူကို ရှာဖွေတွေ့ရှိခဲ့လျှင်တောင်, သူတို့မိဘများ နန်းတော်ဆယ့်နှစ်ခု လက်အောက်မှာ အသတ်ခံရသလို အသတ်ခံရအုံးမှာသာ ဖြစ်သည်။)
ရှီလေး, ခရမ်းရောင်ဝိညာဉ်စွမ်းအား ရရှိလာရအောင် မင်း ဒီမှာ ဘာရရှိခဲ့လို့လဲ ကျောက်ချူက ခေါင်းကုတ်လျက် မေးသည်။ သူမ၏ ဝိညာဉ်စွမ်းအားကို ခရမ်းရောင်ဝိညာဉ်စွမ်းအားသို့ မြှင့်တင်နိုင်သော နည်းလမ်းကို မည်သို့ သင်ယူခဲ့သနည်းဟု သူတို့ ရှီလေးကို မမေးခဲ့ရသေးပေ။