၆၁၉။ ကိုယ်ပိုင်အစောင့်-၁

524 50 0
                                    

၆၁၉။ ကိုယ်ပိုင်အစောင့်-၁

အဲဒါကို စုပ်ယူလိုက်ရလို့ မင်း ဆာနေမယ်လို့ ငါ ထင်တယ်။

ဂျန်ဝုရှီက ဂျန်ဝုယောင်းကို ကြည့်၍ ပြောသည် ကိုယ့်ဘာသာပဲ လုပ်လိုက်မယ်။

သူမက ယုန်ခြေထောက်ကို ယူ၍ ဂျန်ဝုယောင်း၏ ရင်ခွင်မှ ထွက်ပြီး မြက်ခင်းပြင်ပေါ်မှာ ထိုင်လိုက်သည်။

ဂျန်ဝုယောင်းက သူမကို ချုပ်တည်းမထားဘဲ လွှတ်ပေးပြီး ဂျန်ဝုရှီ တစ်ဖဲ့ချင်း စားနေတာကို ပြုံး၍ ကြည့်နေသည်။

ကျောက်ချူ မီးပုံဘေးသို့ ပြန်ရောက်လာလျှင် သူ့ ခြေထောက်များ ယိုင်နဲ့နဲ့ ဖြစ်နေသည်။ သူ့မျက်နှာက ခုထိ ရီဝေဝေ ဖြစ်နေတုန်းပင်။

ဖေးယန်က သူ့အား တစ်ချက် ရိုက်၍ ‌မေးသည် ဘယ်လိုလဲ, မင်း နောက်ထပ် ကြောက်လန့်လာပြန်ပြီလား။

ကျောက်ချူက ဖေးယန်ကို စူးခနဲ ကြည့်၍ ခွန်းတုံ့ပြန်သည် ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ, ငါ စဉ်းစားနေတာ... ငါ ခံစားမိတာပေါ့... ရှီလေး အကိုကြီးက ဒီလောက်လည်း ဆိုးရွားတဲ့ လူမဟုတ်ပါဘူးလို့။ (သူ ပြုံးလိုက်ချိန်မှာ တကယ့်ကို ကြည့်ကောင်းသည်။)

ဖေးယန် ခဏလောက် အံ့အားသင့်သွားပြီး မေးလေ၏ ဒီတော့ မင်း ဘယ်လို သုံးသပ်လိုက်လို့လဲ။

ကျောက်ချူက ကျိတ်ရယ်၍ ပြောသည် သူ ငါ့ကို ပြုံးပြတယ်၊ သူ ထူးဆန်းတဲ့ပုံပဲ၊ သူတို့က ရုပ်ချင်း မတူကြဘူး၊ ဒါပေမဲ့ သူတို့ နှစ်ယောက်လုံး ရုပ်ချောတဲ့ လူတွေချည်းပဲ။

ရုပ်ချောသူများ ပြုံးပြလျှင် အရမ်း ကြည့်ကောင်းသည်။

ဖေးယန် ကျောက်ချူကို ပြောစရာစကားမရှိဘဲ စိုက်ကြည့်မိသည်။ (ရုပ်ချောတဲ့ လူက မင်းကို ပြုံးပြနေသရွေ့, ဘယ်လိုဖြစ်ဖြစ် အဲလူက ကောင်းသွားရောလားကွာ.... ဘုရား ဘုရား.... မင်း ဘယ်လောက်တောင် တုံးအသွားရတာလဲကွာ...)

ဖေးယန်က ကျောက်ချူကို ဉာဏ်ထက်မြက်သူ မဟုတ်မှန်း တစ်ချိန်လုံး သတ်မှတ်ထားခဲ့သည်။ ထို့ကြောင့် သူ့ကို လျစ်လျူရှူထားဖို့ ဆုံးဖြတ်လိုက်ပြီး ဒီတစ်ကြိမ် ထိုငနုံငအကို အရေးမစိုက်ဘဲ ပစ်ထားလိုက်သည်။ သူက သူ့ကိုယ်ဟန်အနေအထားကို တစ်ဖက်သို့ ရွှေ့လိုက်ပြီး ရောင်းရူ, ဟွာယောင်းတို့နှင့် အတူတူ ပျော်ပျော်ရွှင်ရွှင်ဖြင့် စားလိုက် သောက်လိုက် လုပ်နေတော့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now