၈၉၀။ မီးတိုင်းပြည်ဘုရင့်လက်စွပ်(၁)
မဟာအကြံပေးက ဘာလို့ ညီငယ်လေးဂျန်နဲ့ အတူတူ ညစာစားပွဲကို ပြန်လာရတာလဲ လေ့ချန်က လှည့်မကြည့်ဘဲ သူ့ဘေးမှ ထွက်ခွာရန် ဟန်ပြင်နေသော မဟာအကြံပေးကို မေးလိုက်သည်။
ထို့နောက် ဝမ်ယုက မေးလိုက်သည် အရှင့်သားက ဘာကိုများ စိုးရိမ်ပူပန်နေတာလဲ။
လေ့ချန်က မျက်မှောင်ကြုတ်သွားပြီး လှည့်လာ၍ ဝမ်ယုကို စူးရှရှ ကြည့်လိုက်သည်။
မဟာအကြံပေးက ဘာလုပ်ချင်နေတာလဲ၊ ကျုပ် ဝင်မစွက်ပါဘူး၊ ကျုပ် ဖြစ်စေချင်တာက သူ့အနား မကပ်ဖို့ပါဘဲ၊ ကျုပ်က လေညင်းကျောင်းတော်သားတွေနဲ့ ရင်းနှီးတယ်၊ မဟာအကြံပေးက အဲဒါကို ဆန့်ကျင်ဘက် လုပ်ဖို့ စီမံလာရင်တော့, ကျုပ် ကျေနပ်မိမှာ မဟုတ်ဘူး။
လေ့ချန်က သူ့အား ခေါင်းမာမာဖြင့် စူးစူးရဲရဲ ကြည့်နေတာကို တွေ့မြင်ရသဖြင့် ဝမ်ယုက ကြိတ်မှိတ်သည်းခံ၍ သက်ပြင်းချလိုက်သည် ဒီ့အတွက်နဲ့ဆိုရင်, ငါ အရှင့်သားကို စိတ်ပျက်သွားစေမိမှာ စိုးရိမ်တယ်၊ ငါက သခင်လေးဂျန်ကို ဘုရင့်နေပြည်တော်ကနေ မြန်မြန် ထွက်ခွာသွားဖို့ ပြောလိုက်ရုံလေးပါ။
ဘယ်လို လေ့ချန်က မဟာအကြံပေးကို မယုံကြည်နိုင်စွာ မျက်လုံးပြူး၍ ကြည့်လိုက်သည်။ သူ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်မိသွားသည်။
ခင်ဗျား ကျုပ်ကို အရင်က ကျုပ်နဲ့ လေ့ဖန်အကြား ဝင်မရှုပ်ဖို့ ပြတ်ပြတ်သားသား ကတိပေးထားခဲ့တယ်၊ လေညင်းကျောင်းတော်ရဲ့ အင်အားကို အသုံးချဖို့ ကျုပ် ရည်ရွယ်ထားတာကို ခင်ဗျား သိထားတာပဲ၊ ခင်ဗျားက သူတို့ကို ဒီကနေ မြန်မြန် ထွက်ခွာခိုင်းလိုက်ရသလား၊ သခင်ကြီး မဟာအကြံပေး....... ခင်ဗျား တကယ်ပဲ ဘာတွေ စီမံနေတာလဲ၊ ခင်ဗျားက တကယ်ပဲ ခင်ဗျားရဲ့ ဘုရင်ကြီးကို ဒီလောက်တောင် ကူညီပေးချင်နေတာလား...
လေ့ချန်က သူ့ကို ဒေါသတကြီး ဝေဖန်ပြောဆိုသည်။ သူက ကိုယ့်ကိုယ် ကြိုးစားထိန်းချုပ်မထားလျှင်, ဝမ်ယု၏ မျက်နှာကို မဆိုင်းမတွ ထိုးနှက်ပြီး ဖြစ်သွားလိမ့်မည်။