၃၈၄။ "အကြီးအကဲ ပေါ်ထွက်လာခြင်း - ၅"

622 48 0
                                    

၃၈၄။ အကြီးအကဲ ပေါ်ထွက်လာခြင်း - ၅

သို့သော်ငြား....

တစ်နေ့လုံး တန်းစီပြီးနောက် သူတို့ ငါးယောက်က လေညင်းကျောင်းတော်၏ ဂိတ်တံခါးဝသို့ပင် မရောက်ရှိခဲ့ကြပေ။ လူပင်လယ်ကြီးအလယ်တွင် ဂျန်ဝုရှီက ဘေးထွက် ရပ်နေဖို့ ဆုံးဖြတ်လိုက်သည်။ လေညင်းကျောင်းတော်သို့ ဝင်ခွင့်တင်သွင်းခြင်းက နေဝင်ရီတရော ရောက်ရှိလာခါမှ ရပ်စဲသွားပြီး နောက်နေ့ မနက်ကျမှ ပြန်လည် စတင်မည် ဖြစ်သည်။ သူမက အနောက်ဖက်သို့ နေလုံးကြီး ကျဆင်းသွားတာကို ကြည့်လိုက်ပြီး ကနေ့ အခွင့်အရေး မရှိတော့မှန်း သူမ သိလိုက်သည်။

နေလုံးလုံး ဝင်ခါနီးမှာ အပြာရောင်အနားသတ်ထားသည့် အဖြူရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသော လူအုပ်စု တစ်ခုက လေညင်းကျောင်းတော်၏ ဂိတ်ပေါက်ဝသို့ ထွက်လာကြသည်။ သူတို့ထဲတွင် ခေါင်းဆောင်ဖြစ်သူက အသက်သုံးဆယ်ကျော်လောက်ရှိသည်။ သူ့မျက်နှာက ဖြောင့်မတ်တည်ကြည်ပုံရပြီး သူ့မျက်လုံးများက အင်အားအပြည့် ဖြစ်နေသည်။ သူ့နောက်မှ အားလုံးက ၁၈, ၁၉လူငယ်များ ဖြစ်ကြသည်။ သူတို့ ရင်ဘတ်ပေါ်တွင် ကြယ်ပုံထွင်းထားသည့် ကျောက်စိမ်းပြားများကို ချိတ်ဆွဲထားကြသည်။

သူတို့အုပ်စုက ကျောင်းပေါက်ဝမှ ထွက်လာလျှင်, တစ်နေ့လုံး တန်းစီနေရသည့် လူငယ်များက ရုတ်တရက် စိတ်အား တက်ကြွလာကြသည်။

ချင်းယန်ကလန်ရဲ့ အကြီးအကဲ မု ဘယ်ရောက်သွားလဲ အုပ်စုခေါင်းဆောင်က ဂိတ်ပေါက်ဝ အစောင့်များကို မေးသည်။

အစောင့်တစ်ယောက်က တီးတိုး ပြောသည်။ ထိုလူက မျက်မှောင်ကြုတ်သွားပြီး သူ့မျက်နှာက စိတ်ပျက်သွားပုံရသည်။ သူက သက်ပြင်းလေးလေးကြီး ချ၍ ကျောင်းတော်တွင်းသို့ ပြန်ဝင်သွားသည်။

ဖေးယန်က တခြားလူငယ်များနောက်တွင် ပုန်းကွယ်၍ ကြည့်နေခဲ့သည်။ သူ၏ လှပသည့် ရုပ်သွင်ကြောင့် သူ့လိင်ကို ဆုံးဖြတ်ဖို့ မလွယ်ကူပေ။ သူက လူအုပ်ကြားထဲ လျှောက်သွားပြီး ဂျန်ဝုရှီတို့အား အကြောင်းခြင်းရာကို ပြောပြဖို့ ပြန်လာသည်။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt