၆၉၆။ နိမိတ်ဆိုး အမှောင်ထု ဖုံးလွှမ်းခြင်း (၃)
အလယ်ဘုံမှ လူများက ခရမ်းရောင်ဝိညာဉ်စွမ်းကို ရရှိဖို့ သူတို့၏ ဝိညာဉ်စွမ်းအားကို တိုးမြှင့်နိုင်ကြသည်။ သို့သော် အစစ်အမှန် ခရမ်းရောင်ဝိညာဉ်စွမ်းအားရှင်နှင့် မည်သို့မျှ ယှဉ်လို့ မရပေ။ ထို့ကြောင့် ဂုယင်က ဝမ်ရှင်းဟန်နှင့် တိုက်ရိုက် ဆန့်ကျင်ဖို့ တွန့်ဆုတ်နေရခြင်း ဖြစ်သည်။
ဝမ်ရှင်းဟန်နဲ့ တွေ့ဖို့ နည်းလမ်း ရှိလား ဂျန်ဝုရှီက ခပ်ဖြည်းဖြည်း မေးသည်။
ဂုယင် အနားမှာ မရှိရင်, ငါ အဲကို သွားလို့ ရတယ်၊ အရင်က ငါ ဝိညာဉ်ကုစားဌာနကနေ တစ်ခါလောက် ထွက်သွားခဲ့ဖူးတယ်၊ ငါ မရှိတုန်း သူက ငါ့တပည့် နှစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ်၊ အဲကောင်လေးတွေက ငါနဲ့ အတူ ရှိနေတာ ကြာခဲ့ပြီ၊ ငါ့ကို သူတို့ရဲ့ သခင်လို့တောင် သတ်မှတ်ထားကြတာ၊ ဂုယင်ရဲ့ လက်ထဲမှာ အဓိပ္ပါယ်မဲ့ သေဆုံးသွားခဲ့လို့ ငါ့ ရင်တွေ ကျိုးခဲ့ရတယ်။
ကျုပ် သူ့ကို ခေါ်ထုတ်သွားမယ်၊ အဲအချိန် ခင်ဗျား ဝမ်ရှင်းဟန်ကို သွားတွေ့လိုက်ပေါ့၊ သူ့ကို ပြောလိုက်ပါ, လင်းအိမ်တော်က တစ်စုံတစ်ယောက်က သူ့ကို တွေ့ချင်တယ်လို့၊ မနက်ဖြန် မွန်းတည့်မှာ ဒီရုံးခန်းထဲကိုပါ လာဖို့ ပြောလိုက်ပါ ဂျန်ဝုရှီက ဂူလီရှန်ကို ကြည့်လျက် ပြောသည်။
(လတ်တလော ဖန်ဂျင် အသက်ရှင်သန်ဖို့ ကျိန်းသေအောင် သူမ လုပ်ရမည်။ ပြီးတော့မှ နောက်တစ်ကွက် ထပ်ရွှေ့နိုင်လိမ့်မည်။)
မင်း သူ့ကို ခေါ်ထုတ်သွားမလို့လား.. ဒါပေမဲ့... ဒါ အန္တရာယ်များမနေဘူးလား ဂူလီရှန်က မေးသည်။ သူက ဂျန်ဝုရှီကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။
ဂျန်ဝုရှီ ခေါင်းယမ်းလိုက်သည်။ သူမက ဂုယင်၏ ပြိုင်ဘက် မဖြစ်နိုင်သော်လည်း သူမမှာ ယဲ့ရှ ရှိနေသေးသည်။ ယဲ့ရှက ဂုယင်ကို အနိုင်ယူနိုင်ကြောင်း အတည်ပြုပေးထားသည်။ ဂျန်ဝုရှီက ဘာမှ အရေးစိုက်စရာ မလိုတော့ပေ။
ကောင်း...ပြီ..လေ ဂူလီရှန်က နောက်ဆုံးတွင် ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။ ဂျန်ဝုရှီ မည်သို့ လုပ်ရန် ရည်ရွယ်ထားသနည်းဆိုတာ သူ မသိပေ။ သို့သော် ဂျန်ဝုရှီ၏ စကားကို နားထောင်တာ မမှားကြောင်း သူ့ မသိစိတ်က သူ့အား ပြောပြနေသည်။