၆၄၄။ ဝိညာဉ်စွမ်းအားမြှင့် (၆)
ကြောင်နက်လေး အံ့အားသင့်စွာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားသည်။ ဒါ... ဒါက... ကြာပန်းလေးကို... ရောင်းစားပစ်တာနဲ့... တူမနေဘူးလား....
နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ဘဲ ဂျန်ဝုရှီက ကြာပန်းလေးကို ဆင့်ခေါ်လိုက်သည်။
ကြာပန်းလေးက ခြေဗလာဖြင့် ကြမ်းပြင်ပေါ်တွင် ရပ်နေသည်။ သူက အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ဂျန်ဝုရှီကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက အိပ်ရာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လော့မဲ့မဲ့ကို ထောက်လှမ်းမိသွားပြီး သူ၏ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။
သခင်မလေး... နင် လိုအပ်တာ တစ်ခုခု ရှိလို့လား ကြာပန်လေးက ရိုကျိုးစွာ မေးသည်။ သူ့ခြေထောက်လေးများကို အိပ်ရာနှင့် ဝေးနိုင်သမျှ ဝေးအောင် မသိမသာ ရွှေ့သွားသည်။
ပြီးခဲ့သည့် အခေါက်က လော့မဲ့မဲ့၏ သူ့အား ခုန်အုပ်၍ ကိုက်ဖဲ့တာက သူ့မှတ်ဉာဏ်မှာ အထင်းသား ရှိနေတုန်းပင်။
ထိုအချိန်တုန်းက သူ့သခင်မလေးသာ လော့မဲ့မဲ့အား ဆွဲမခွာလျှင်, အခုဆို သူက သေးငယ်သော ပန်းပွင့်လေးမျှသာ ကျန်ရစ်မှာ ဖြစ်ပြီး အစို့အညှောက်လောက်သာ ရှိလိမ့်မည်။
ငါ စမ်းသပ်စရာ ရှိလို့, နင်နဲ့ ကြောင်နက်လေး နှစ်ယောက်လုံးကို တာဝန်ခွဲပေးမလို့ ဂျန်ဝုရှီက ကြာပန်းလေးကို ပြောသည်။
ကြာပန်းလေးက အဆင်သင့် အနေအထားဖြင့် ခေါင်းညိတ်၍ သဘောတူလိုက်သည်။ သူ၏ ပါးမို့မို့ မျက်နှာလေးက အပြုံးပန်းများ ဝေဆာသွားသည်။
သခင်မလေး ငါ့ပေးတဲ့ တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ပေးမယ်လေ။
ကြောင်နက်လေးက ကြာပန်းလေးကို တိုက်ရိုက် မကြည့်ဝံ့ပေ။ သူက လက်ဖဝါးများဖြင့် သူ့မျက်လုံးများကို ကာထားသည်။ သူ့နှလုံးသားမှာ အပြစ်မကင်းခံစားနေရတာကို ဖုံးကွယ်ထားလိုလို့ ဖြစ်သည်။
နောက်တစ်ခဏတွင် ကြာပန်းလေးက တောက်တောက်ပြောင်ပြောင် မပြုံးနိုင်တော့ပေ....