၂၁၈။ "အဆင့်ချိုးဖျက်တက်ရောက်ခြင်း - ၆"

1.2K 96 2
                                    

၂၁၈။ “အဆင့်ချိုးဖျက်တက်ရောက်ခြင်း - ၆”

သူမ၏ ဝိညာဉ်စွမ်းအားဖြစ်သည့် လိမ္မော်ရောင်အလင်းက လက်ဖဝါးများမှာ စုစည်းနေသည်။ တောက်ပပြီး ဖြာထွက်နေသည်။ လိမ္မော်ရောင်အလင်းက သူမမျက်လုံးများမှာ အလင်းဟပ်နေသည်။ ပျော်ရွှင်ခြင်းနှင့် အံ့ဩခြင်းလှိုင်းတို့ဖြင့် တလက်လက်ဖြစ်နေသည်။

“ငါ အဆင့်တက်သွားပြီ။” သူမက အသာအယာ ပါးစပ်ဟလိုက်သည်။

“အင်း, နင် အဆင့်တက်သွားပြီ, ငါ့ချစ်ချစ်လေး။” ဂျန်ဝုယောင်းက သူမနဖူးပြင်ကို ခပ်ဖွဖွ နမ်းလိုက်သည်။ သူမ၏ အားရကျေနပ်ခြင်းကို သူက အနည်းငယ် မြည်းစမ်းကြည့်သည်။

သူ့ ချစ်ချစ်လေးက သူ့အပေါ် ဆက်ဆံရေး ပြောင်းသွားတာ မကြာသေးပေ။ သူက သူတို့အကြားရှိ လှပသည့် လေထုကို စွန့်စားကာ မချိုးဖျက်လိုပေ။

ဂျန်ဝုရှီက သူ မျှော်လင့်ထားသည်ထက် အချိန်နည်းနည်းသာ ယူခဲ့သည်။ မိုးပျံနဂါးကို စုပ်ယူခြင်းမှာလည်း အခက်အခဲ တွေ့ခဲ့ပုံ မပေါ်ပေ။

သူက သူမအား အံ့ဩသွားသည်။

အနီရောင်မှ လိမ္မော်ရောင်သို့ ရောက်ရှိရန် ဂျန်ဝုရှီက လအနည်းငယ်သာ ကြာခဲ့သည်။ သည်အဆင့်ကို ရောက်ဖို့ သာမန်လူများ လိုအပ်သည့် နှစ်များကို သူမက ချုံ့ပစ်နိုင်ခဲ့သည်။ တကယ့်ကို မယုံကြည်နိုင်စရာ ဖြစ်နေသည်။

သို့သော် ဂျန်ဝုယောင်းသာ သူမအတွက် ပြင်ဆင်မပေးခဲ့လျှင်, ဂျန်ဝုရှီက သည်လောက် လွယ်လွယ်ကူကူဖြင့် အဆင့်တက်နိုင်မည် မဟုတ်ပေ။

“နင် လိမ္မော်ရောင်အဆင့် ဝိညာဉ်စွမ်းအားကို ရရှိသွားပြီ၊ နောက်တစ်ဆင့်အတွက် လိုအပ်ချက်တွေက နှစ်ဆတက် မြင့်သွားလိမ့်မယ်၊ နင်က အသက်အရွယ် ငယ်သေးပါတယ်၊ အလျင်လိုစရာ မလိုပါဘူး။” ဂျန်ဝုယောင်းက သူမဆံနွယ်များကို ပွတ်သပ်‌ပေးရင်း ပြောသည်။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ