၄၄၂။ အချိန်ကောင်း
ဝါးတောအုပ်လေးက သူတို့လိုချင်သော ငြိမ်သက်အေးချမ်းမှုကို ပေးထားသည်။ ထို့ကြောင့် ဝါးတောအုပ်လေးမှာ သူတို့ နေထိုင်ကြခြင်း ဖြစ်သည်။ သို့သော် တခြားကျောင်းသားများက စည်းကမ်းချိုးဖောက်ပြီး သူတို့ကို အနှောင့်အယှက် ပေးမည်ဟု သူတို့ ထင်မှတ်မထားကြပေ။
ဖန်ဇိုက အာ့ဂျင်ကို မနှစ်သက်စွာ စူးစိုက်ကြည့်လိုက်သည်။ သူလုပ်ထားတာကို ဖန်ဇို ကောင်းကောင်း သိသည်။
အာ့ဂျင်...နောက်တစ်ခါ ဒါမျိုး ဖြစ်လာမယ်ဆိုရင်, မင်း ကျောင်းတော်ကို ပြန်သွားရပြီမှတ် ဖန်ဇိုက သက်ပြင်းချ၍ ပြောသည်။ အာ့ဂျင်က သူနှင့် အတူတူ ကြီးပြင်းလာခဲ့သဖြင့် သူတို့ ရှိနေတာ ကြာပြီ ဖြစ်သည်။ အာ့ဂျင်က ငယ်စဉ်ကတည်းက ဖန်ဇိုအပေါ် အလေးအနက်ထားခဲ့သည်။ သူက အင်မတန် သစ္စာရှိခဲ့သည်။ သို့သော် သူကား ဉာဏ်ထက်မြက်သူ လုံးဝ မဟုတ်ပေ။
ဂျန်ရှီက ဖန်ဇိုအား အခုတလော စောင့်ရှောက်လိုက်သဖြင့် ဖန်ဇို၏ အခြေအနေ တိုးတက်လာတာကို အာ့ဂျင် မြင်သည်။ သို့သော် အာ့ဂျင်က ကျောင်းတော်မှ ကောလာဟလများဖြင့် ရှုပ်ယှက်ခတ်နေပြီး ယုံကြည်ဖို့ ခါးခါးသီးသီး ဖြစ်နေသည်။ သို့အတွက် အာ့ဂျင်အား နောက်ဆုံးအနေဖြင့် သတိပေးရုံမျှ လွဲ၍ ရွေးချယ်စရာ မရှိတော့ပြီ။
အာ့ဂျင်က မျက်လုံး ပေကလတ်ပေကလတ်ဖြင့် ခြံဝင်းထဲမှာ ရပ်နေ၏။ ဖန်ဇို သူ့အား အေးစက်စက် ကြည့်လိုက်သောကြောင့် ဖြစ်သည်။ ၎င်းအကြည့်က သူ့အား မိုးကြိုးပစ်လိုက်သလိုပင် ဖြစ်သည်။ သူက လက်သီးကျစ်ကျစ်ဆုပ်ထား၍ ဂျန်ရှီကို လှည့်ကြည့်လိုက်သည်။
ဂျန်ဝုရှီက အာ့ဂျင်အား ဖြတ်ခနဲ ကြည့်၍ ဝါးပင်မှ ဝါးရွက်တစ်ရွက်ကို ခူးလိုက်သည်။ သူမက ၎င်းဝါးရွက်ကို သူမ မျက်စိရှေ့မှာ ထား၍ ထို့နောက် စကားတစ်လုံးမျှ မပြောတော့ဘဲ လှည့်ထွက်သွားသည်။
ဖန်ညီအကိုများလည်း ဂျန်ရှီနောက်သို့ လိုက်၍ အိမ်ထဲ ဝင်သွားကြသည်။ ဖန်ဇိုက ဂျန်ရှီကို ဂရုတစိုက် လေ့လာကြည့်သည်။ ပုံမှန်အတိုင်းသာ မြင်ပြီး မည်သည့် ကွဲလွဲချက်ကိုမျှ သူ သတိမပြုမိပေ။ ဒေါသထွက်တာကိုလည်း မတွေ့ရပေ။
