၈၀၄။ ရန်တိုင်းပြည်၏ အိမ်ရှေ့စံ (၁)

367 37 0
                                    

၈၀၄။ ရန်တိုင်းပြည်၏ အိမ်ရှေ့စံ (၁)

အရှင့်သား... လေညင်းကျောင်းတော်က ဖန်ဂျင် ရောက်လာပါတယ်၊ လေညင်းကျောင်းတော်က တပည့်တွေ ကနေ့ည အရှင့်သားဆီ အလည်လာမယ့်ဆိုတဲ့ အကြောင်းကို သတင်းလာပို့တာပါ အစောင့်က အပြင်ဘက်ကနေ လှမ်းပြောသည်။

လေ့ချန် မျက်လုံးပြူးသွားပြီး ချက်ချင်းပြန် ပြန်ပြောသည် သူတို့ကို အချိန်မရွေး ကြိုဆိုတယ်လို့ သူ့ကို ပြောလိုက်ပါ။

(သူ အခုထိ အခွင့်အရေး ရှိသေးတာပဲ။)

မင်း အခုထိ လက်မလွှတ်သေးဘူးလား ရုတ်တရက် လေ့ချန်ထိုင်ခုံ၏ နောက်ဘက် ခန်းဆီးနောက်ကွယ်မှ ယောက်ျားသံတစ်သံ ထွက်လာသည်။

လေ့ချန် တောင့်တင်းသွားသည်။ သူ ခေါင်းလှည့်ပင် မကြည့်ဘဲ ပြောသည် ခင်ဗျား ဒီမှာ ဘာလာလုပ်တာလဲ၊ ကျုပ်ကို အရှုံးပေးဖို့ လာ ဖျောင်းဖျတာလား၊ ဘာလို့ ကျုပ်က အရှုံးပေးရမှာလဲ၊ ကျုပ်က ဘယ်သူ့ ရုပ်သေးရုပ်မှ မဟုတ်ဘူး၊ ပြီးတော့ ဘယ်သူ့ကိုမှ အစားထိုးလို့ မရဘူး၊ ကျုပ် ကိုယ့်ဘာသာ လွတ်မြောက်ဖို့ တိုက်ခိုက်ရမှာပဲ၊ ဒါ ဘာများ မှားနေလို့လဲ။

ခန်းဆီးနောက်ဘက်မှ လူက အသာအယာ သက်ပြင်းချလိုက်သည်။ သူက ကူကယ်ရာမဲ့ဟန်ဖြင့် စိုးရိမ်ပူပန်နေပုံ ရသည်။

လေ့ချန်က သူ၏ ပုံမှန် နူးညံ့သော ဟန်ဆောင် အမူအရာကို ဖယ်ရှားထားသည်။ စားပွဲပေါ်တင်ထားသော သူ့လက်များကို လက်သီးကျစ်ကျစ် ဆုပ်ထားသည်။ သူ နောက်ဘက်သို့ လှည့်မကြည့်ပေ။ ကြည့်ချင်စိတ်လည်း သူ မရှိပေ။ မည်သူ့အသံလဲဆိုတာ သူ သိသည်။ ဒီကို ရောက်လာသည့် ထိုလူ၏ ရည်ရွယ်ချက်ကိုလည်း သူ သိသည်။ သို့သော် ထိုကိစ္စက အဘယ်နည်း။

နှစ်တွေ အတော်ကြာတဲ့ အထိ, အဲလူတွေ လုပ်ခဲ့တဲ့ ကိစ္စက ကျုပ်ထက် ပိုကောင်းတယ်၊ လက်ရှိ ကျုပ်ရဲ့ အခြေအနေကို ခင်ဗျား သိနေတာပဲ၊ ခင်ဗျား ကျုပ်ကို အရှုံးပေးဖို့ ပြောနေအုံးမှာလား လေ့ချန်က အံကြိတ်၍ မေးသည်။

သို့သော်ငြား ထိုလူက ဆက်ပြောသည် မင်းနှလုံးသား နာကျင်ပင်ပန်းနေတာကို ငါ သိပါတယ်ကွယ်၊ ဒါပေမဲ့ မင်း ဒီလိုနည်းလမ်းနဲ့ ပျက်စီးသွားမှာကို ငါ မလိုချင်ဘူး၊ မင်း အခု လုပ်နေတဲ့ နည်းလမ်းက, အတိတ်က မင်းနဲ့ လုံးဝ ကွဲပြားခြားနားလွန်းတယ် ထိုလူ၏ လေသံက နောင်တဖြင့် ရောစွက်လို့ နေသည်။ သို့သော် သူ အလွန်အမင်း ကူရာမဲ့သလို ခံစားနေရသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora