၄၃၅။ ခေါင်းမာသော လူ့အန္ဓ - ၃
ဖန်ချီက ခေါင်းယမ်း၍ ပြောသည် သူက ဂူလီရှန်ကိုယ်တိုင် ရွေးချယ်ထားသူပဲလေ၊ နဂိုကတည်းက ငါ သူ့ကို ယုံတာပေါ့။
ဖန်ဂျင် လုံးဝ တုန်လှုပ်သွားသည်။
အဖေ, ခင်ဗျား သိတယ်ပေါ့။
ဖန်ချီက သူ့သားမျက်လုံးများကို ကြည့်၍ ပြောသည် ငါ အိုရင် အိုနေမယ်၊ ဒါပေမဲ့ ငါ ငတုံးတော့ မဟုတ်ဘူး၊ ငါ့ခွင့်ပြုချက်မရဘဲနဲ့ လေညင်းကျောင်းတော်မှာ ဂူလီရှန် လှည့်စားနိုင်မယ်လို့ မင်း ထင်နေသလား၊ ဂျန်ရှီက ဂူလီရှန် ရွေးချယ်ထားတဲ့ တပည့်အစစ်ဆိုတာကိုပဲ ငါ သိတာ မဟုတ်သေးဘူး၊ ကျောင်းတော်တစ်ခုလုံးမှာ မဟုတ်မမှန် သတင်းတွေ ပျံ့နှံ့နေတာကိုလည်း ငါ သိထားတယ်၊ အခြေအမြစ်မရှိတဲ့ သတင်းတွေပေါ့၊ ပြီးတော့ ဂျန်ရှီ့လက်ထဲက ဝိညာဉ်သားရဲဌာနတံဆိပ်ပြားက ငါကိုယ်တိုင် ပေးထားတဲ့ တံဆိပ်ပြားဆိုတာကိုလည်း မင်း သိထားသင့်တယ်။
သူ့အဖေစကားကို ကြားပြီးနောက် ဖန်ဂျင် ရုတ်တရက် ထရယ်လိုက်သည်။
ရှီလေးရဲ့ ပင်ကိုယ်စရိုက်ကို အဖေ ယုံပြီဆိုတော့, အရာအားလုံး စီမံရ လွယ်ကူသွားတာပေါ့၊ ဦးလေးဂူက တကယ်ပဲ မျက်စိအမြင်စူးရှတာပဲ၊ သူ ရွေးချယ်ထားတဲ့ ရှီလေးက ဝိညာဉ်ကုစားခြင်းနည်းစနစ်မှာ သူ့ထက် သာလွန်အောင် စွမ်းဆောင်နိုင်တာ တကယ်ပဲပေါ့၊ ရှီလေးကို တခြားသာမန်လူငယ်တွေကို တိုင်းတာသလို တိုင်းတာလို့ မရဘူး၊ အဖေ...ဒါဆို ရှီလေးကို ခွင့်ပြုလိုက်တော့ပေါ့။
ဖန်ဂျင်၏ မရမက တောင်းဆိုမှုကြောင့် ဖန်ချီက နောက်ဆုံးတွင် ဖန်ဇိုအား ယာယီဆေးကုသခွင့်ကို ဂျန်ရှီအား ပေးလိုက်သည်။ သို့သော် အခြေအနေက ဂျန်ရှီတတ်နိုင်တာထက် ပိုနေလျှင် ဖန်ဂျင်နှင့် ဖန်ချီအား အရင်ဆုံး အသိပေးဖို့နှင့် ဖန်ဇို၏ အနေအထားအားလုံးကို ဘာမျှ ကွယ်ဝှက်မထားဖို့ တောင်းဆိုလိုက်သည်။
သူ လိုချင်သည့် အဖြေကို ရရှိပြီမို့ ဖန်ဂျင်က ပြုံးပျော်လျက် ကျောင်းအုပ်ကြီးရုံးခန်းမှ လျှောက်လှမ်းထွက်ခွာသွားသည်။
