၄၇၀။ ဆက်တိုက်ရိုက်ချက်၊ ဒုတိယပုံစံ-၄
ဖန်ဂျင်က ခေါင်းညိတ်၍ လူငယ်များ၏ ဒဏ်ရာများကို သူ့မျက်လုံးဖြင့် အလျင်မြန် စစ်ဆေးကြည့်ရှူသည်။ သူ့လက်မောင်းကို လူငယ်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတာ ဒဏ်ရာကြောင့် နာကျင်လွန်းလို့ ဖြစ်ရမည်။ ၎င်းဆုပ်ကိုင်ထားခြင်းက သူ့ကို နာကျင်စေသည်။
သို့သော်ငြား ဖန်ဂျင်က လူငယ်၏ ဒဏ်ရာကို စစ်ဆေးရန် သူ့မျက်လုံးကို အောက်စိုက်ကြည့်လိုက်လျှင်, ထိုလူငယ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အငွေ့က ဖျတ်ခနဲ လက်သွားသည်။ မြေပြင်ပေါ်တွင် နာနာကျင်ကျင် အော်လျက် လဲနေကြသော တခြားကျောင်းသားများက ရုတ်တရက် အားလုံး ခုန်ထ၍ ဝှက်ထားသော သူတို့လက်နက်များကို ဆွဲထုတ်၍ ဖန်ဂျင့်ဆီ တပြိုင်နက် ပြေးသွားကြသည်။
ဖန်ဂျင်က ရုတ်တရက် အန္တရာယ်ကို ခံစားလိုက်ရသည်။ သူက အန္တရာယ်မှ လွတ်ရာသို့ ခုန်ထွက်လိုသော်လည်း သူ့လက်ခြေများက လှုပ်မရချေ။ ထိုလူငယ်က သူ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသောကြောင့် ဖြစ်၏။ သူက လူငယ်ကို ကြည့်လိုက်လျှင် ထိုမျက်လုံးများမှာ ကြောက်ရွံ့ခြင်း စိတ်အားငယ်ခြင်းကို တစိုးတစိမျှ မတွေ့ရတော့ချေ။ သို့သော် အငြိုးကြီးစွာ သတ်ဖြတ်လိုခြင်းဖြင့်သာ ပြည့်နှက်နေလေ၏။
အကိုကြီးဖန်... နောက်နှစ် ဒီလိုအချိန်က ခင်ဗျားရဲ့ သေခြင်းနှစ်ပတ်လည်နေ့ပဲ၊ ဒါ့ကြောင့် ငြိမ်းငြိမ်းချမ်းချမ်း အနားယူလိုက်ပါတော့ ထိုလူငယ်၏ ခန္ဓာကိုယ်က အနည်းငယ် နောက်သို့ ယို့သွားသည်။ သူက အေးစက်စက် ရယ်မော၍ သူ့သွေးပေနေသော လက်များကို ဆွဲထုတ်ယူလိုက်သည်။ လက်များတွင် လက်အိတ်တစ်စုံ ပေါ်ထွက်လာသည်။ ၎င်းလက်အိတ်များက ဝိညာဉ်စွမ်းအင်ဖြင့် တလက်လက် ဖြစ်နေကြသည်။
ဖန်ဂျင်က အံ့အားသင့်သွားသဖြင့် ပါးစပ်ဟောင်းလောင်း ဖြစ်နေ၏။ ထိုလူငယ်က လက်နက်ဝိညာဉ်ကို သုံးစွဲသူဆိုတာ သိသာသည်။ ထိုလက်အိတ်များက ထိုလူငယ်၏ လက်စွပ်ဝိညာဉ် ဖြစ်ရမည်။ လုံးလုံး သတိမပြုမိဘဲ ဖမ်းဆုပ်ထားပြီး သူ့ကို အားဖြင့် ဆွဲချသည်။ ဖန်ဂျင်က ရုန်းထွက်ခြင်းငှာ မစွမ်းသာတော့ချေ။