၇၀၂။ ရင်ဆိုင်ဖို့ ပြင်ဆင်ခြင်း (၁)
အာ့ဂျန်က မြေပြင်နှင့် သူ့ခေါင်း တိုက်နေခြင်းကို မရပ်တန့်ပေ။ ဖန်ဂျင်ကို ကယ်တင်နိုင်သူက ဂျန်ရှီတစယောက်တည်းသာ ရှိကြောင်း သူ သိသည်။ အာ့ဂျန်က သူ့မျှော်လင့်ချက်ကို ဂျန်ရှီအပေါ်မှာ စိုက်ထောင်ထားပြီး တောင်းဆိုသည်။ တောင်းပန်သည်။ သူ့စွမ်းရည် ညံ့ဖျင်းတာကို သူ လုံးလုံး ရှက်စိတ်ဝင်နေသည်။ တဒုန်းဒုန်းဖြင့် နဖူးဆောင့်သံက ဂျန်ဝုရှီ၏ နားထဲ အဆက်မပြတ် ဝင်ရောက်နေသည်။
ငါ ဖန်ဂျင်ကို ကယ်ပါ့မယ် ဂျန်ဝုရှီက နောက်ဆုံးတွင် ပြောလိုက်သည်။
အာ့ဂျန် ခေါင်းမော့လာသည်။ သူ့မျက်နှာပေါ်တွင် သွေးများ စီးကျလာသည်။ သို့သော် အာ့ဂျန်မျက်နှာက ပြုံးသွားသည်။ သူက ဂျန်ဝုရှီကို ကျေးဇူးတင်သော နှလုံးသားဖြင့် ခဏလောက် ကြည့်လိုက်သည်။ သူက ဆက်၍ ဦးတိုက်ရန် ဟန်ပြင်စဉ် ဂျန်ဝုရှီက သူ့ပခုံးကို ဆွဲကိုင်ထားလိုက်သည်။
နင် ဒီလို ဆက်လုပ်နေရင်, ငါ ကယ်တင်ပေးမှာ မဟုတ်တော့ဘူး ဂျန်ဝုရှီက အာ့ဂျန်ကို ခြိမ်းခြောက်လိုက်သည်။
အာ့ဂျန် အလွန် တုန်လှုပ်သွားသည်။ သူ အတော်ကြာအောင် တိတ်ဆိတ်သွားပြီး နောက်ဆုံး မတ်တပ်ရပ်ရန် ဆုံးဖြတ်လိုက်သည်။ သူက ဂျန်ဝုရှီအား လေးလေးနက်နက် ဦးညွတ်ကာ အလေးပြုလိုက်သည်။ သူက အလွန်အမင်း ကျေးဇူးတင်ပြီး အလွန်အမင်း ရှက်စိတ်ကြောင့် သူ့ခါးကို အပြည့်အဝ ကိုင်းညွတ်ထားသည်။
(ဂျန်ရှီက သူ့အသက်ကို မလိုချင်ပေ။ သူ တောင်းပန်တာကိုလည်း လက်မခံပေ။) ဒါက အာ့ဂျန်၏ နှလုံးသားကို ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားစေသည်။ သူ့နှလုံးသားက နောင်တရခြင်း ဝမ်းနည်းခြင်းဖြင့် ပြည့်နှက်လို့နေသည်။
(သူက ကြားရုံဖြင့် လွယ်လွယ် မယုံကြည်ခဲ့လျှင်, ဂျန်ရှီ၏ ပင်ကိုယ်စရိုက်ကို ဦးစားပေး၍ သွားပုပ်လေလွင့် မပြောခဲ့လျှင်, အခုအချိန်ဆို ကိစ္စရပ်များက မတူကွဲပြား ခြားနားသွားလိမ့်မည် ဖြစ်သည်။)
(ဂျန်ရှီ၏ စွမ်းရည်နှင့် ကျွမ်းကျင်မှုဖြင့်ဆိုလျှင်, သူသာ လေညင်းကျောင်းတော်တွင် တည်ရှိနေခဲ့ပါက, ဖန်ဂျင်နှင့် ဖန်ဇိုထံ ထိုကိစ္စရပ်များ ဖြစ်ပျက်လာလိမ့်မည် မဟုတ်ပေ။)