၈၀၈။ တိုက်ဆိုင်မှု (၁)
ဂျန်ဝုရှီက လေ့ချန်ရှေ့တွင် ရပ်၍ ကြောင်တိကြောင်တောင် ဖြစ်နေသော မျက်လုံးတစ်စုံကို စူးစိုက်ကြည့်လိုက်သည်။
နင့် နာမည် ဘယ်လို ခေါ်လဲ ဂျန်ဝုရှီက ဖြည်းလေးစွာ မေးသည်။
လေ့ချန် လေ့ချန်က ထုံထုံထိုင်းထိုင်း ဖြေလိုက်သည်။ သူ့မျက်နှာမှာ မည်သည့် ထူးခြားသော အမူအရာ မရှိပေ။ သို့သော် သူ့အသံက ရှင်းလင်း၍ မာတောင့်တောင့် ဖြစ်နေသည်။
ဘေးနားမှာ ရပ်နေသော ကျောက်ချူက လေ့ချန်၏ ထူးဆန်းသော အပြုအမူကို ကြည့်ပြီး အံ့အားသင့်သဖြင့် မျက်လုံးပြူးသွားသည်။
ဆေးအာနိသင်က အတော့်ကို အံ့ဩဖို့ ကောင်းတာပဲ၊ နောက်တစ်ကြိမ် ငါတို့ ဒီလိုမျိုး တွေ့ကြုံလာမယ်ဆိုရင်, အဲလူကို ရှီလေးရဲ့ ဆေးကို ကျွေးလိုက်ရုံပဲ၊ သူ သိသမျှ အကုန်လုံး ပွင့်အန်ထွက်လာမှာ သေချာတယ် ကျောက်ချူက တိုးတိုးလေး ပြောလိုက်သည်။ သူက သူ့ဘေးနားရှိ ဟွာယောင်းကို ပခုံးမှီလိုက်သည်။
ဟွာယောင်းက လေ့ချန်မှ မျက်လုံးမခွာဘဲ တိုးတိုးသက်သာဖြင့် ပြောသည် လူတိုင်းမှာ အရာတိုင်း အလုပ်ဖြစ်မှာ မဟုတ်ဘူး။
ကျောက်ချူက ပခုံးတွန့်၍ နောက်ထပ် ဘာမျှ မပြောတော့ပေ။
အားနည်းသော ဖယောင်းတိုင်မီးအလင်းအောက်တွင် လေ့ချန်က ထိုင်ခုံပေါ်တွင် တိတ်ဆိတ်စွာ လှုပ်ရှားခြင်း မရှိ ထိုင်နေသည်။ ဂျန်ဝုရှီ သူ့အား မေးသမျှကိုသာ သူ ဖြေသည်။
ဂျန်ဝုရှီက သူ့အား ရိုးစင်းသော မေးခွန်း သုံးခုကိုသာ ဆက်တိုက် မေးထားသည်။ သူ လေ့ချန်အား တိုက်ထားသည့် ဆေးအာနိသင်က သေချာလားဆိုတာကို သိချင်လို့ ဖြစ်သည်။ ထို့နောက်တွင် သူမ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်စက် လေသံဖြင့် မေးလိုက်သည် နင် အလယ်ဘုံက လူတွေနဲ့ အချိတ်အဆက် ရှိထားသလား။
မတွန့်မဆုတ် ဖြေဆိုခဲ့သော လေ့ချန်က ရုတ်တရက် တန့်သွားသည်။ သူ၏ အမူအရာကင်းမဲ့သော မျက်နှာက ရုန်းကန်နေသလို တွန့်ရှုံ့သွားလေ၏။