၉၃၉။ ဆယ်ခုမြောက်ရိုက်ချက်(၃)

217 23 0
                                    

၉၃၉။ ဆယ်ခုမြောက်ရိုက်ချက်(၃)

ဂျန်ဝုရှီက ပြန်ပြောလိုက်သည် ဘာလို့ အရှင်မင်းကြီးက အခု ဒီလောက် ကြောက်နေရတာလဲ၊ ကျုပ် မှတ်မိသလောက်ဆိုရင်, ကျုပ်ကို ရှင်းပစ်ဖို့ အမြဲတမ်း ကြံစည်ခဲ့တာက အရှင်မင်းကြီးပဲမို့လား။

ဂျန်ဝုရှီက ဖြည်းဖြည်းညင်းညင်းဖြင့် ရှေ့သို့ တက်လာသည်. စုတ်ပြတ်နေသော မိဖုရားကြီးနှင့် အမတ်ချုပ်ကြီးကို သူမ ကြည့်လိုက်သည်။

အမတ်ချုပ်ကြီးက သူ့ရှေ့ရှိ နူးညံ့ပုံရသော လူငယ်လေးကို ကြောက်လန့်တကြားဖြင့် မော့ကြည့်လိုက်သည်။ သူက ဂျန်ရှီကို ပုံတူပန်းချီကားမှာသာ တွေ့ဖူးသည်။ ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူးပေ။ ကနေ့ လူငယ်လေးကို တွေ့မြင်ရလေပြီ။ ရှင်းလင်း၍ အေးစက်စက် မျက်လုံးတစ်စုံကို သူ ကြည့်လိုက်ချိန်မှာ သူ လွှတ်လိုက်သော လုပ်ကြံရေးသမားများ တစ်စွန်းတစ်စပင် မကျန် ပျောက်ကွယ်သွားရခြင်းအကြောင်းကို သူ နားလည်သွားသည်။

ဒီလူငယ်လေးက မီးတိုင်းပြည်၏ ဘုရင်ကြီးနှင့် မိဖုရားကြီးကိုပင် လက်ပေါ်တင်၍ ကစားနိုင်သည်။ သူ့လို လူစားမျိုးကိုတော့ အမြစ်ပြတ် ဖယ်ရှားပစ်ဖို့ လွယ်ကူလွန်းနေပြီ မဟုတ်လော။

မိဖုရားကြီးက ဂျန်ရှီကို ကြည့်လိုက်သည်။ နင်... နင်ပဲ.... ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ၊ ဘာလို့ ဒီလိုမျိုး လုပ်ရက်တာလဲ။

ဂျန်ဝုရှီက အစောပိုင်း ဘုရင်ကြီးနှင့် စကားပြောနေစဉ်မှာပင်, မိဖုရားကြီးက ကနေ့ အဖြစ်အပျက်မှန်သမျှကို လုပ်ဆောင်ခဲ့သူက ဂျန်ရှီဟူ၍ သဘောပေါက်သွားသည်။ အရာအားလုံးကို သူက တာဝန်ယူစီမံထားသူပင်။ သူမ နန်းဆောင်ရှိ အစေခံများ ပျောက်ကွယ်သွားအောင် လုပ်ထားခြင်းသည်လည်း သူ၏ ညွှန်ကြားချက်အောက်မှာပင် ဖြစ်ရမည်။

နန်းတော်တွင် အဆင့်တန်းမြင့်မြင့် မင်းမူနေထိုင်သော သူမက ဂျန်ရှီလို လူငယ်လေးတစ်ယောက်၏ ထောင်ချောက် မိသွားလိမ့်မည်ဟူ၍ မိဖုရားကြီး အိပ်မက်ပင် မမက်ဖူးပေ။ ဂျန်ရှီသာ ဒီကိစ္စရပ်များအားလုံးကို သူ လုပ်ထားတာဟူ၍ ဝန်မခံခဲ့လျှင်, သူမ လုံးလုံးလျားလျား အမှောင်ထုထဲမှာသာ ရှိနေအုံးမှာ ဖြစ်သည်။ သူမ သေသွားသည့် အချိန်မှာပင်, သူမ၏ ဒီလို ဝမ်းနည်းဖွယ်ရာ အနေအထားသို့ တွန်းပို့သူ, နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်သူကို သိသွားနိုင်မည် မဟုတ်ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now