၉၂၅။ အငှားလက်ဖြင့် ရိုက်ခြင်း၊ ပထမပုံစံ(၁)
ဂျန်ဝုရှီ၏ မျက်လုံးများက အေးစက်စက် အလင်းရောင်ဖြင့် လင်းလက်သွားကြသည်။
ပြပွဲစတင်ဖို့ ကန့်လန့်ကာကို မတင်တော့မည်။
မိဖုရားကြီး၏ နန်းဆောင်တွင် ဘုရင်ကြီး ပြန်သွားပြီး၍ မကြာခင်မှာပင် မိဖုရားကြီး၏ မျက်နှာမှ ဗျာဆိုက်နေသော အမူအရာက ဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။ သူမပါးပြင်မှ ခြောက်သွေ့သွေ့ မျက်ရည်စီးကြောင်းများကို ပိပိရိရိဖြင့် သူမ သုတ်ပစ်လိုက်သည်။ သူမက မျက်မှောင်ကြီး ကုတ်လျက် လေ့ဖန်အား စမ်းသပ်စစ်ဆေးနေသော နန်းတွင်းသမားတော်များကို ကြည့်လိုက်သည်။
နင်တို့ ဒီမှာ ဘာမှ လုပ်စရာ မလိုတော့ဘူး၊ နင်တို့ တစ်အုပ်စုလုံး သမားတု သမားယောင်တွေ၊ သားချင်းနီးသွေးအဆိပ်လေးကိုတောင် နင်တို့ မကုသနိုင်ကြဘူး၊ နင်တို့ရဲ့ ဒီမြင့်မြတ်တဲ့ အမျိုးသမီးက ကိုယ်ပိုင် နည်းလမ်းရှိတယ်၊ နင်တို့အားလုံး ခုချက်ချင်း ထွက်သွားကြတော့။
မိဖုရားကြီးက ကြမ်းကြမ်းတမ်းတမ်း ဆူပူမာန်မဲလိုက်သဖြင့် သမားတော်များက ချက်ချင်းပင် နန်းဆောင်ထဲမှ ကသောကမြော ထွက်သွားကြသည်။
နန်းဆောင်တံခါး တင်းတင်းကျပ်ကျပ် ပိတ်သွားချိန်မှာမှ, မိဖုရားကြီး၏ အားတင်းထားသော တည်ငြိမ်ခြင်းက ပြိုပျက်သွားတော့သည်။
မယ်မယ်, မယ်မယ်, သားတော်ကို ကယ်ပါနော်၊ သားတော် မသေချင်ဘူး၊ သားတော် တကယ် မသေချင်ဘူး အိပ်ရာပေါ်မှာ ထထိုင်လျက် လေ့ဖန်က သနားစဖွယ် တအီအီ ငိုကြွေး၍ ပြောသည်။ တခြားသူများက သူ၏ မွေးဇာစ်မြစ်အစစ်အမှန်ကို သတိမပြုမိကြချေ။ သို့သော် သူကတော့ ကိုယ်ကိုယ်တိုင် ရှင်းလင်းစွာ သိထားသည်။ အစောပိုင်းတုန်းက ဘုရင်ကြီးကို သူ ပြောဆိုခဲ့သည်က အမှန်တရား ပေါ်ပေါက်သွားမှာ ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ အခု အပြင်လူများ မရှိကြတော့ပေ။ သူ့မျှော်လင့်ချက်မှန်သမျှကို မိဖုရားကြီးအပေါ်မှာသာ ထားနိုင်တော့သည်။
မိဖုရားကြီးက အိပ်ရာဘေးတွင် ညှိုးငယ်ထိုင်းမှိုင်းလျက် ထိုင်နေသည်။ လေ့ဖန်ကို သူမက ပခုံးချင်း ကပ်ပေးထားလိုက်သည်။ သူ့သားက တုန်ယင်ချောက်ချားနေတာကို ခံစားရလျှင်, သူမ နှလုံးသားက တစစ်စစ် နာကျင်သွားရသည်။