၈၈၀။ ကြောက်စိတ်မွှန်ခြင်း(၃)
သူ့ကို ကယ်ရမှာလား၊ ဘာ့ကြောင့်လဲ ဂျန်ဝုရှီက မျက်ခုံးပင့်၍ မေးလိုက်သည်။
ထောင်ချီသားရဲမြို့တော်က လူတွေ သူတို့ဆီကနေ သတင်းအချက်အလက်ရဖို့ အဲဒီသမားတော်တွေကို စစ်ဆေးမေးမြန်းကြမယ် မဟုတ်ဘူးလား ယဲ့ရှက အနည်းငယ် အံ့အားသင့်လျက် မေးသည်။
ဂျန်ဝုရှီက ပျင်းရိပျင်းတွဲဖြင့် လက်ကာပြ၍ ပြောသည် ဘုရင်ကြီးက သူ့ဘာသာ သေချင်နေတာ, ငါက ဘာလို့ သူ့ကို ရပ်တန့်ခိုင်းရမှာလဲ၊ သူ့ဘာသာ သေပစေပေါ့။
ယဲ့ရှက ပို၍ပင် ခေါင်းရှုပ်သွားသည်။
ဂျန်ဝုရှီက စိတ်ရှည်လက်ရှည် ပြောလိုက်သည် ထောင်ချီသားရဲမြို့တော်က လူတွေ အမှန်တရားကို ရှာဖွေတွေ့ရှိသွားရင်တောင်, သူတို့အမုန်းတရားကို သူတို့ စိတ်ထဲမှာပဲ သိမ်းထားကြလိမ့်မယ်၊ သူတို့ရဲ့ မြို့တော်သခင်က အကြီးမားဆုံးနဲ့ အင်အားအကြီးဆုံး တိုင်းပြည်နဲ့ ရန်ဖြစ်ဖို့လောက်ထိ မိုက်ရူးရဲ ဆန်မှာ မဟုတ်ဘူး၊ ပြီးတော့ ချူလင်းယွဲ့က တကယ် ဒဏ်ရာရသွားတာလည်း မဟုတ်ဘူး၊ စိုးရိမ်စရာလည်း မရှိတော့ဘူး။
သမားတော်ကြီးလီကို သူတို့ သတ်သည် ဖြစ်စေ မသတ်သည် ဖြစ်စေ, ရန်တိုင်းပြည်ဘုရင်ကြီးနဲ့ ရင်ဆိုင်တဲ့ နေရာမှာ သိပ်ပြီး ထူးခြားသွားမှာ မဟုတ်ဘူး၊ သမားတော်ကြီးလီရဲ့ ဦးခေါင်း မြေကြီးထဲ ရောက်သွားရင်တော့ သူတို့ကို အမှန်တရား ထုတ်မပြောနိုင်တော့တဲ့အတွက် နှစ်ဖက်စလုံး အကောင်းဆုံး အနေအထား ဖြစ်သွားလိမ့်မယ်၊ ရှုံးဘက ဒီကိစ္စကို သေချာမသိခဲ့ရင်တောင် မြို့တော်သခင်ကို ပြန် သတင်းပို့တဲ့အချိန်မှာ, မြို့တော်သခင်က ဒီကိစ္စတစ်ခုလုံးကို ဒီအတိုင်းပဲ ထားလိုက်လိမ့်မယ်။
ဂျန်ဝုရှီ၏ ရှင်းပြချက်ကြောင့် ဂျန်ဝုရှီ၏ ရည်ရွယ်ချက်ကို ယဲ့ရှ ချက်ချင်း သဘောပေါက်သွားသည်။
ရန်တိုင်းပြည် ဘုရင်ကြီးက ထောင်ချီသားရဲမြို့တော်နဲ့ အဆင်ပြေချင်တယ်၊ သူအဆင်ပြေချင်တာကို ငါ ကဖျက်ကယက် လုပ်အုံးမှာ၊ သူက လေ့ချန်ကို သဘောမကျဘူးဆိုကတည်းက, လေ့ချန်ကို ထောင်ချီသားရဲ မြို့တော်ရဲ့ ကျေးဇူးတင်ခံရအောင် လုပ်ရတာပေါ့။