၃၅၂။ "ငါ အခု ရောက်နေပြီပဲ - ၁"

826 64 0
                                    

၃၅၂။ “ငါ အခု ရောက်နေပြီပဲ - ၁”

ဖီးနစ်ကျောင်းတော်၏ အနောက်ဘက် တောင်ကုန်းတွင် အသစ်စက်စက် အမှတ်အသားမရှိသော မြေပုံတစ်ခုက လဲလျောင်းနေသည်။ မြေကြီးအောက်တွင်, မည်သူမျှ မရှိချေ။ သို့သော် ကျိုးကြေသွားသော မြွေအရိုးများ ရှိနေကြသည်။

ရောင်းရူက ဂျန်ဝုရှီကို အမှတ်အသားမရှိသော မြေပုံရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။ ဂျန်ဝုရှီက ၎င်းမြေပုံရှေ့တွင် ရပ်ပြီး အလွတ်ဖြစ်နေသည့် မြေပုံကျောက်ဖျာကို ကြည့်နေသည်။ သူမ မျက်လုံးများက အမူအရာကင်းမဲ့နေကြသည်။

သူမ ပြန်လည် မွေးဖွားလာခဲ့ကတည်းက သူမလက်များက သွေးများစွန်း ထင်းခဲ့ကြသည်။ ဂျန်မိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်, လင်းအိမ်တော် ချီတိုင်းပြည်တွင် မြင့်မြင့်မားမား ရပ်တည်နိုင်ရန်, သူမ လူများစွာ သတ်ခဲ့သည်။

သူမ အနက်ရောင်ဝတ်စုံရှင်ကို မသတ်ခဲ့ပေ။ သို့သော် သူမကြောင့် ထိုလူ သေဆုံးခဲ့ရသည်။

ထို့ပြင် သူ့ခန္ဓာကိုယ် တစ်စစီ ပေါက်ကွဲထွက်သွားသဖြင့် ကျကျနန မြေမြှုပ်သင်္ဂြိုဟ်မှုကိုလည်း သူ့အတွက် သူမ လုပ်ဆောင်မပေးနိုင်ခဲ့ပေ။ မြေပုံအတွင်းမှာ မြွေအရိုးစုများသာ တည်ရှိနေကြတော့သည်။

သူမအသက်ကို သူ ပိုင်ဆိုင်သွားခဲ့ပြီ။ သူက ဂျန်ဝုယောင်း၏ အမိန့်အောက်မှာ လုပ်ဆောင်ခဲ့ရသော်လည်း သူ့သေခြင်းအတွက် သူမမှာ တာဝန်ရှိနေတာကို သူမ ခံစားနေရသည်။

သူမကို ကာကွယ်ဖို့ သူ့ကိုယ်ပိုင်အသက်ကို စွန့်လွှတ်ခဲ့သည်။

ဒါက ဘယ်လို သစ္စာစောင့်သိမှုမျိုးလဲ။

ဂျန်ဝုရှီက အမှတ်အသားမရှိသော မြေပုံရှေ့တွင် ကြာမြင့်စွာ ရပ်နေခဲ့သည်။ တောင်ကုန်းပေါ်မှာ လေက တဖြူးဖြူး တိုက်ခတ်နေသဖြင့် သူမ၏ နက်မှောင်နေသည့် ဆံနွယ်များက တလူလူ လွင့်နေကြသည်။ သူမက ခေါင်းမော့၍ ကျဆင်းစ ဖြစ်နေသည့် မိုးပါးပါးလေးကို ကြည့်လိုက်သည်။ ၎င်းမိုးပေါက်လေးများက သူမခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာကြသည်။ သူမတစ်ကိုယ်လုံး လုံးလုံးလျားလျး စိုရွှဲကုန်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now