၄၃၉။ အံ့ဖွယ်လူသတ်သမား - ၁
ထိုနေ့ မွန်းလွဲပိုင်းတွင်, ဖန်ဂျင်က ပုံမှန်အတိုင်း သူ့ညီကို ခေါင်းပုံဖြတ်စားသောက်ရန် ဝါးတောအုပ်သို့ ရောက်လာသည်။ သူ့ညီ၏ နှင်းဆီရောင်သန်းနေသော ပါးပြင်များကို တွေ့မြင်လျှင် သူ စိတ်သက်သာရာရသွားပြီး တစ်ချိန်တည်းမှာပင် ဝမ်းသာသွားရသည်။
ဖန်ဇို၏ အစားအသောက်က ဆေးဖက်ဝင်များဖြင့် ရောစပ်ချက်ပြုတ်ထားသဖြင့် လုံးလုံး ပြောင်းသွားလေပြီ။ ပုံမှန် ဖန်ချီ စီမံချက်ပြုတ်ပေးသည့် အစားအစာလို အရသာမကောင်းသော်လည်း ကွဲပြားခြားနားမှုတော့ မရှိပေ။ အပြောင်းအလဲကို သူ လက်ခံလိုက်ရသည်။
အာ့ဂျင်က မျက်နှာ မဲမှောင်နေလျက် ဟင်းပွဲများ ပြင်ဆင်ပေးသည်။ ဖန်ဇိုက သူ့အတွက် ပြင်ဆင်ပေးထားသော ဆေးဖက်ဝင် ဟင်းလျာများကို စတင် စားသောက်ရန် နိုးနိုးကြားကြားဖြင့် တူ ကောက်ကိုင်သည်။ တခြားနှစ်ယောက်အတွက် ပြင်ဆင်ပေးထားသော ဟင်းလျာရနံ့က သင်းပျံ့တက်လာသဖြင့် သွားရည်မကျရလေအောင် သူ ကြိုးစားလိုက်ခြင်း ဖြစ်သည်။
သူ့စားချင်စိတ်က အမြဲတမ်း နည်းပါးသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်မှာ ဂျန်ဝုရှီ ပြင်ဆင်ပေးသော ဆေးဖက်ဝင်ဟင်းလျာများကို စားပြီးနောက် သူ့မျက်နှာ အရောင်စိုလာပြီး အားအင်တက်လာတာကို သူ ခံစားရလာသည်။ ထို့ကြောင့် သူ ရှေ့ဆက်ရမည့် ရက်များကို မျှော်တွေး၍ ရက်အနည်းငယ်လောက် အရသာရှိသော သူ့ စားကေင်းသောက်ဖွယ်များကို သူ စားချင်သော်လည်း လိုလိုလားလား စွန့်လွှတ်ထားဖို့ ဆုံးဖြတ်လိုက်သည်။
တစ်ဖက်မှာတော့ ဖန်ဂျင်က ၎င်းအရာကို သတိမပြုမိဘဲ စားပွဲပေါ်တွင် တူတစ်စုံဖြင့် အမြန် ထိုးမွှေနေ၏။ ကံကောင်းထောက်မသဖြင့် သည်တစ်ခါမှာ ဖန်ဇိုက ဟင်းပွဲအမျိုးမျိုးမှ အနည်းငယ်စီ အမြန် ယူပြီး ဂျန်ရှီအတွက် သီးသန့်ဖယ်ထားလိုက်သည်။ သို့မဟုတ်ပါက အစားနှေးသော ဂျန်ရှီမှာ စားစရာ ဘာမျှ ကျန်ရှိတော့မည် မဟုတ်ပေ။
ဂျန်ဝုရှီနှင့် ဖန်ညီအကိုအပြင် စားပွဲပေါ်တွင် ပုံရိပ်လေး တစ်ခု ရှိနေသည်။
