၄၇၃။ ဆက်တိုက်ရိုက်ချက်၊ ဒုတိယပုံစံ-၇
သူ့ကိုယ်သူ ကယ်တင်နိုင်ရန် ထိုလူငယ်က သူသိသမျှ အကုန် ပြောပြသည်။
လိပ်ပြာသားရဲအမဲလိုက်ပွဲသို့ မလာခင် ကြိုတင်၍ ယင်ယန်က သူတို့ဆီ ပေါက်ချလာသည်။ သူတို့အုပ်စုက သားရဲဝိညာဉ်ဌာနနှင့် လက်နက်ဝိညာဉ်ဌာနမှ ကျောင်းသားဟောင်းများ ပေါင်းစုထားသော အဖွဲ့ဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီ၏ စွမ်းအားက အထက်တန်းစား မဟုတ်သော်လည်း သူတို့၏ လက်စွပ်ဝိညာဉ်များက ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ လက်နက်ဝိညာဉ်ကို ပိုင်ဆိုင်ထားသော ပထမဆုံးသော လူငယ်လိုပင် ဖြစ်သည်။ ဖေးယန်သာ ကြားဖြတ်မဝင်လျှင် ဖန်ဂျင်၏ လှုပ်ရှားမှုမှန်သမျှကို အောင်မြင်စွာ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး နောက်တစ်ခဏအကြာမှာ သူတို့ အလုပ်ကိစ္စ ပြီးပြတ်သွားမှာ ဖြစ်သည်။
ယင်ယန်က ဝိညာဉ်ကုစားခြင်းဌာနမှ သူ့အနေအထားကို အသုံးချပြီး ဆုအမြောက်အမြားပေးဖို့ ကတိခံခဲ့သည်။ ဖန်ဂျင်အား အောင်မြင်စွာ သတ်ဖြတ်နိုင်လျှင် လေညင်းကျောင်းတော်ရှိ သူတို့ အနေအထားက တည်ငြိမ်သွားမည်ဆိုသော အချက်က သူတို့အား ထိချက်ပြင်းသွားခဲ့သည်။
ယင်ယန်က အမကြီးနင်နဲ့ ဆက်ဆံရေးကောင်းတာကို လူတိုင်း သိထားကြတယ်၊ အမကြီးနင်က ဒုတိယကျောင်းအုပ်ကြီးရဲ့ သမီးဆိုတော့ ယင်ယန်ရဲ့ စကားတွေက အမကြီးနင်ရဲ့ စကားတွေပဲ၊ ငါ .... ငါတို့ လောဘတက်လို့ ကန်းသွားကြတယ်၊ အကိုကြီးဖန်, ခင်ဗျားရဲ့ ထောက်ထားငဲ့ညှာတတ်တဲ့ စိတ်ကောင်းစေတနာနဲ့ ငါ့ကို ဒီတစ်ကြိမ်တော့ လွှတ်ပေးပါ၊ ငါ နောက်ထပ် ဒါမျိုး ဘယ်တော့မှ မလုပ်တော့ပါဘူး။
လူငယ်က မျက်ရည်စက်လက်ဖြင့် တောင်းပန်သည်။ အမကြီးနင်က သူတို့ကို ထောက်ခံပေးထားမှန်း သူတို့ မသိခဲ့ရင်, ယင်ယန်၏ တောင်းဆိုချက်ကို သူတို့ ဘယ်တော့မှ သဘောတူကြမည် မဟုတ်ပေ။
ဖန်ဂျင်က ကျောင်းအုပ်ကြီး၏ မွေးစားသားဆိုတာကိုလည်း မေ့ထားလို့ မရပေ။
နင်ရှင်း... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူမ ဘယ်လိုလုပ် ဖြစ်နေရတာလဲ နင်ရှင်းဖြစ်ကြောင်းကို သူ ကြားရလျှင် ဖန်ဂျင် ကတုန်ကယင်ဖြစ်၍ နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားသည်။ လူငယ်ပြောဆိုတာကိုပင် သူ လက်မခံနိုင် ဖြစ်နေသည်။
