၅၀၉။ ဆက်တိုက်ရိုက်ချက်၊ စတုတ္ထပုံစံ-၉
မင်းတို့တွေ ဒီလို ယုတ်မာတဲ့ ပြစ်မှုကို ကျူးလွန်ကြတာလား နန်ဂုန်းစီက ဒေါသကြောင့် တုန်ယင်နေ၏။ ဒီကောင်လေးတွေက တိမ်လှေခါးတောင်ထွတ်နဲ့ ငြိတဲ့အပြင် ရူလင်း စစ်တပ်နဲ့လည်း ငြိအောင် လုပ်ထားကြပါလား၊ ဒီတိရစ္ဆာန်တွေကတော့ ပြဿနာအကြီးကြီး ဖန်တီးလိုက်ကြတာပဲ။
လေညင်းကျောင်းတော် ကျောင်းအုပ်ကြီးက မုချန်တည်နေရာကို သိရဖို့ ဘယ်လောက်တောင် အားစိုက်ထုတ်ထားသလဲ, သိရော သိကြရဲ့လား၊ ဒီငယုတ်မာတွေက မုချန်တပည့်တွေကို သတ်ဖို့ ကြိုးစားဝံ့သတဲ့လား။
ဒီလုပ်ရပ်က မုချန်နဲ့ ရန်သူ ဖြစ်မသွားဘူးလား။
လူဝေဂျိုင်က သူ့မျက်နှာမှာ မည်သည့် အရောင်အဆင်းမျှ မရှိတော့အောင် အလွန် ကြောက်လန့်နေ၏။ လောင်ချီက ရူလင်းစစ်တပ်မှ လာသူ ဖြစ်ကြောင်း သိလိုက်ချိန်မှာ သူ နောက်သို့ ဖင်ထိုင်လျက် ကျသွားသည်။ သူ ငိုချင်နေသည်။ သို့သော် မျက်ရည်ကား ထွက်မလာ။
ဆရာနန်ဂုန်း... ဒါတွေ အကုန်လုံး စလုပ်တာ ကျနော်တစ်ယောက်တည်း မဟုတ်ပါဘူး၊ ဒါ နင်ရှင်းပါ... ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးနဲ့ သူတို့ကို သေအောင်လုပ်တာ နင်ရှင်းပါ၊ ကျနော်က သူမ မြှူဆွယ်တာ ခံလိုက်ရတဲ့ ငါးစာ သက်သက်ပါ လူဝေဂျိုင်က စိတ်ပျက်ညှိုးနွမ်း၍ အော်ဟစ်လုလုအသံဖြင့် တောင်းပန်ပြောဆိုသည်။
ဒီကိစ္စက ဖြေရှင်းဖို့ အလွန်ကြီးကျယ်သွားသဖြင့် သူတစ်ယောက်တည်း ခေါင်းမခံနိုင်ပေ။
နင်ရှင်းနာမည်ပါ ထပ်ကြားလိုက်ရလျှင် နန်ဂုန်းစီ၏ မျက်နှာက နောက်တစ်ကြိမ် ဖြူဖျော့သွားလေ၏။
အကုန်လုံး သူမ လုပ်တာပါ၊ ဗိုလ်ချုပ်လောင်ချီနဲ့ သူ့လူတွေရဲ့ ထူးခြားတဲ့ စွမ်းရည်ကို သူမ သိတယ်၊ သူမက သူပိုင်ဆိုင်တဲ့ မြေပုံကို အသုံးချပြီး အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ရဖို့ ဗိုလ်ချုပ်လောင်တို့နဲ့ အပေးအယူ လုပ်ခဲ့တာပါ၊ သူမက နောက်ကျတော့ သူတို့ကို သိမ်းသွင်းဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ ဗိုလ်ချုပ်လောင်က ငြင်းဆိုလိုက်တယ်၊ သူမက အရှက်ခွဲခံရလို့ စိတ်ဆိုးသွားခဲ့ပြီး ဗိုလ်ချုပ်လောင်နဲ့ သူ့လူတွေကို သတ်ပစ်ဖို့ စီမံခဲ့တာပါ၊ ဒါတွေ အကုန်လုံး သူမ လုပ်ခဲ့တာပါ လူဝေဂျိုင်က ကြောက်လွန်းသဖြင့် ခန္ဓာကိုယ်ကိုပင် ဖြောင့်ဖြောင့် မထားနိုင်တော့ပ။ သူက အပြစ်မှန်သမျှ နင်ရှင်းအပေါ် ပုံချလိုက်သည်။